Tuesday, November 22, 2016

Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
အလောင်း၏ ကိုယ်ပေါ်မှ အဝတ်အစား ။     ။အလောင်း
၏ ကိုယ်ပေါ်မှ အဝတ်အစားများကို ခွာယူရာတွင် ထိုအ
ဝတ်အစားများပေါ်၌ ကပ်ငြိပါရှိနိုင်သည့် ယမ်းစ ၊ မှန်စ ၊
အမွှေးအမှင် ၊ အစွန်းအထင်း အစအန စသည်များ လွင့်
စင် ပျောက်ဆုံးမသွားစေရန် အရေးကြီးလေသည် ။ အ
ကယ်၍ ထိုအဝတ်အစားများပေါ်မှ အစအန တစ်စုံတစ်
ရာ ကွာကျ ၊ ရရှိခဲ့လျှင် စနစ်တကျ စုဆောင်းရယူ သိမ်း
ဆည်းရမည် ။ ထို့နောက် အစအနများနှင့် သင့်တော်ရုံမျှ
ရှိသော မင်နှိပ်စက္ကူ - ၂ ချပ်ကြားတွင် ညှပ်လျက်ဘူးငယ်
ကလေးများဖြင့် ထည့်ကာ သက်ဆိုင်ရာ ဓါတ်ခွဲခန်းသို့
တင်ပြနိုင်ရန် ကောင်းစွာ သိမ်းဆည်းထားရမည် ။ ထိုမျှမ
က အဝတ်အစားများပေါ်သို့ ဖုန်မှုန့်စသည့် မသက်ဆိုင်
သော အစအနများ မကပ်ငြိစေရန် ကောင်းစွာ သိမ်း
ဆည်းထားရမည် ။
        သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ၏ အင်္ကျီအဝတ်
အစားတို့၌ တွေ့ရှိရသော ကျည်ဆံဝင်ပေါက် ၊ ပတ်ဝန်း
ကျင်တွင် ယမ်းငွေ့ယမ်းစများ ရှိမရှိ စစ်ဆေးရမည် ။
တွေ့ရှိက ထိုယမ်းငွေ့ယမ်းစများကို ကောက်ယူသိမ်း
ဆည်းပြီး ၊ ရဲအရာရှိထံ စနစ်တကျအပ်နှံရမည် ။
အလောင်း၏ကိုယ်ပေါ်မှ အဝတ်အစားများကို နံဘေး
ချုပ်ရိုးအတိုင်း ကတ်ကြေးဖြင့်ကိုက်၍ ခွာယူရမည် ။ ထို
သို့ ကတ်ကြေးနှင့်ကိုက်ရာတွင် ကျည်ဆံပေါက် ၊ ဓား
မြှောင်ပေါက် ၊ ရှနစုတ်ပြဲသောနေရာများ စသည်တို့ကို
ရှောင်ကွင်း ကိုက်ဖြတ်သွားရပေမည် ။ အင်္ကျီအဝတ်အ
စားများတွင် ပါရှိသော ကျည်ဆံပေါက်များကို လက်ညှိုး
ဖြင့် ထိုးကြည့်ခြင်း ၊ တုတ်ဖြင့်ထိုးကြည့်ခြင်း စသည်တို့
ကို မပြုလုပ်ရပေ ။ ပြုလုပ်ခဲ့မိပါက ကျည်ဆံဝင်ပေါက်
ထွက်ပေါက် စသည်တို့ကို ခန့်မှန်းဆုံးဖြတ်ရန် ခဲယဉ်းပေ
မည် ။ တစ်ခါတစ်ရံတွင် သေနတ်ဒဏ်ရာဖြင့် သေသူတို့
၏ ကိုယ်၌ ကျည်ဆံသည် အင်္ကျီကိုဖောက်ထွက်မသွား
ဘဲ အင်္ကျီနှင့်အသားကြားတွင် ညပ်နေတတ်သည်ကို
သတိပြုရန်လိုပေသေးသည် ။
          လျှပ်စစ်ဓာတ်ဖြင့် သေဆုံးရသူများတွင် လျှပ်စစ်
ဓာတ်သည် ဖိနပ်ခွာဘက်မှ ဝင်ထွက်သော အခြေအနေ
များကို တွေ့ရတတ်သည် ။
          အဝတ်အစားပေါ်တွင် တွေ့ရှိသော သွေးစွန်း
သွေးကွက်များကို ပကတိအတိုင်း ထားရှိရန်လိုပေသည်
သွေးစွန်းသွေးကွက်များ ပုပ်သိုးသွားခြင်းကြောင့် ၊ ဓာတု
ဗေဒနည်းဖြင့် သွေးစစ်ဆေးရာတွင် ခက်ခဲမည်ဖြစ်ပေရာ
စိမ်းစိုနေသော သွေးကွက်များပါရှိသော အဝတ်အစား
များကို လျင်မြန်စွာ ခြောက်သွေ့အောင် ပြုလုပ်ပြီးမှသိမ်း
ဆည်းရမည် ။ ထို့နောက် ယင်းအဝတ်အစားများကိုစက္ကူ
ဖြင့် တစ်လွှာစီ စနစ်တကျညှပ်၍ သွေးစစ်ဌာနသို့ ပေးပို့ရ
မည် ။ အလောင်းပေါ်မှ သိမ်းဆည်းရရှိသော အဝတ်အ
ထည်များကို မည်သည့်အခါမျှ လုံးထွေးစုပုံလျက် ရင်ခွဲ
ခန်း ကြမ်းပြင်ပေါ်တွင် ပစ်မထားရပေ ။ ထို့ပြင် ယင်းအ
ဝတ်အထည်များကို စက္ကူအိတ်စသည်တို့အတွင်းသို့
လုံးထွေးပြွတ်သိပ်နေအောင် ကျပ်တည်းစွာထည့်သွင်း
ခြင်းမပြုရ ။ အဝတ်များတွင် သုက်သွေးရှိသောနေရာများ
ကို ခေါက်ချိုးကြေမွစေခြင်းမှ ရှောင်ကြဉ်ရမည် ။          ။

No comments:

Post a Comment