Sunday, July 31, 2016

အမိန့် ၂၁ နည်း ၃၅(၁)
===================

တရားမကျင့်ထုံး အမိန့် ၂၁ ၊ နည်း ၃၅ (၁) ပါ ပြဋ္ဌာန်း ချက်အရ ဆိုလျှင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို ပေးအပ်ရန် ဒီကရီရရှိထားသူကို ယင်းပစ္စည်းအား လက် ရောက်ပေးအပ်ရမည်ဖြစ်သည် ။
   တရားနိုင်တို့ရရှိထားသည့်ဒီကရီအရ တရားရှုံးတို့က အချင်းဖြစ်မြေကို တရားနိုင်များ၏ လက်ဝယ်သို့ ပေးအပ် ရမည်ဖြစ်ရာ တရားရှုံးတို့သည် အချင်းဖြစ်မြေပေါ်တွင် နေထိုင်ခွင့် မရှိပေ ။ အချင်းဖြစ်မြေပေါ်ရှိ အဆောက် အအုံတွင် နေထိုင်ခြင်းသည် တရားနိုင်ဒီကရီရှိထား သည့် မြေပေါ်တွင် နေထိုင်ခြင်းပင်ဖြစ်သည် ။
   ဇာရီရုံးတွင် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ ၊ နည်း ၃၅(၁) အရ ဒီကရီကိုအတည်ပြုရာတွင် အချင်းဖြစ်မြေ ကို တရားနိုင်အား လက်ရောက်ပေးအပ်ရမည်ဖြစ်သည် ။ ထိုသို့ လက်ရောက်ပေးအပ်ရာတွင် ဒီကရီအရ လိုက် နာရန်တာဝန်ရှိပြီး ပစ္စည်းမှ ပြောင်းရွှေ့ပေးရန် ငြင်းဆန် သူအား ဖယ်ရှားနိုင်မည် ဖြစ်သည် ။
    အချင်းဖြစ်မြေမှ ထွက်ခွာသွားရန် ငြင်းဆန်သူ တရား ရှုံးအား ဖယ်ရှားခြင်းသည် တရားမကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၃၅ (၁) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက် ခြင်းဖြစ်၍ ဒီကရီကို ကျော်လွန်ဆောင်ရွက်ရာ မရောက် ချေ ။
    တရားရှုံးတို့အား အချင်းဖြစ်မြေပေါ်ရှိ အဆောက် အအုံမှ ဖယ်ရှားခြင်းသည် အချင်းဖြစ်မြေအပြင် တရားရှုံး ပိုင် အဆောက်အအုံကိုပါ တရားနိုင်တို့အား ပေးအပ် သည်ဟု မဆိုနိုင်ပေ ။
    အချင်းဖြစ်မြေပေါ်ရှိ အဆောက်အအုံမှာ တရားရှုံးပိုင် အဆောက်အအုံ ဖြစ်ရာ တရားရှုံးက ၄င်းပိုင် အဆောက် အအုံကို ၄င်း၏ဆန္ဒအလျောက် ဖျက်ယူသွားခွင့် ရှိပေ သည် ။ တရားရှုံးက ဖျက်ယူလိုသည့်ဆန္ဒမရှိ၍ တရားနိုင် တရားရှုံးတို့ ညှိနှိုင်းကြမည်ဆိုပါက နှစ်ဦးနှစ်ဖက် ညှိနှိုင်း သဘောတူသည့်အတိုင်း ဆောင်ရွက်နိုင်ကြသည် ။
    အကယ်၍ တရားရှုံးက ဖျက်သိမ်းခြင်းမပြု ၊ နှစ်ဦးနှစ် ဖက်ညှိနှိုင်း၍လည်း သဘောတူညီချက် မရရှိပါက တရားနိုင်အနေဖြင့် တရားရှုံးအပေါ် တရားနိုင်၏ မြေပေါ် တွင် တည်ဆောက်ထားသည့် အဆောက်အအုံကို ဖျက် ယူစေရန်အတွက် တရားတစ်ထုံး စွဲဆိုရန်လိုပေသည် ။ အဆောက်အအုံကို ဖျက်သိမ်းရန် ဒီကရီရှိသည့်အခါမှ တရားရုံးကဒီကရီကိုအတည်ပြုရာတွင် မြေပေါ်ရှိ အဆောက်အအုံကို ဖျက်သိမ်းဖယ်ရှားနိုင်မည်ဖြစ်သည် ဟု " ဒေါ်သောင်းညွန့်နှင့် ဦးသိန်းတင်ပါ(၂) ၊ ၂၀၀၁ ခု နှစ် မတစ ၄၃၀ " တွင် ပြဆိုထားပါသည် ။

     အပ်ဝရမ်းကို အတည်မပြုနိုင်သည့်အခါ တရားနိုင် သည် တရားမကျင့်ထုံး အမိန့် ၂၁ ၊ နည်း ၃၅ သို့မဟုတ် နည်း ၃၆ အရ ဒီကရီကို အတည်ပြုပေးရန် ထပ်မံ လျှောက်ထားနိုင်သည် ။ တရားနိုင်က အပ်ဝရမ်း ထပ်မံ ထုတ်ပေးရန်လျှောက်ထားတိုင်း တရားရုံးက အပ်ဝရမ်း ထပ်မံထုတ်ပေးနိုင်သည် ။ တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ ၊ နည်း ၃၅ တွင် အပ်ဝရမ်းကို တစ်ကြိမ်သာ ထုတ် ပေးရမည်ဟု ကန့်သတ်မထားပေ ။
    လက်ရောက်ပေးအပ်ရန်လျှောက်ထားရာတွင် ခုခံ တားဆီး ဟန့်တားခြင်းခံရသူ တရားနိုင်သည် တရားမ ကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၃၅ သို့မဟုတ် နည်း ၃၆ အရ "အပ်ဝရမ်း ထပ်မံထုတ်ပေးရန်လျှောက်ထားခြင်း မပြုဘဲ " တရားမကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၉၇ အရလည်း လျှောက်ထားနိုင်သည် ။ တရားရုံးသည် သင့် သည်ထင်မြင်သည့်အတိုင်း စုံစမ်းမှုပြု၍ နည်း ၉၈ နှင့် နည်း ၉၉ အရ အမိန့်ချမှတ်နိုင်သည် ။
    သို့ရာတွင် ဤနည်းဥပဒေအရ စုံစမ်းမှုမပြုမီ တရားနိုင် က တရားရုံးသို့ လျှောက်ထားရန်လိုသည် ။ တရားရုံး သည် မိမိသဘောအရဖြစ်စေ ၊ ဘီလစ်၏ အစီရင်ခံစာ အရဖြစ်စေ ၊ တရားရှုံး၏လျှောက်ထားချက်အရဖြစ်စေ ၊ ကြားလူတို့၏ လျှောက်ထားချက်အရဖြစ်စေ ၊ စုံစမ်းမှုပြု ရန်အမိန့်မချမှတ်နိုင်ပေ ဟု " ဦးတင်မောင် ပါ(၃)နှင့် ဦး မြမောင်ပါ(၃) (ကွယ်လွန်သူဒေါ်သြ၏ကိုယ်စားလှယ်များ ) ၁၉၉၅ မတစ ၆၁ တွင် ပြဆိုထားသည် ။          ။

Thursday, July 28, 2016

၁ ။  ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့
       ကျန်းမာရေးဆိုင်ရာဥပဒေ
====================================

ပုဒ်မ ၉(၄) ။         ။ ဤပုဒ်မအရ ထောင်ဒဏ်(၃)နှစ်နှင့်
(၃)နှစ်အထက် စီရင်ထိုက်သည့် ပြစ်မှုတစ်စုံတစ်ရာကို ဤကိစ္စအလို့ငှာ အစိုးရက လုပ်ပိုင်ခွင့်လွှဲအပ်ထားသူ သို့မဟုတ် အဖွဲ့အစည်း၏ အခွင့်အမိန့် မရရှိဘဲ မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုခြင်း မပြုရ ။

၂ ။  ၁၉၇၇ခုနှစ်၊ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုံများ                                               ဥပဒေ
=====================================
ပုဒ်မ ၂၃ ။         ။ ဝန်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုမိန့်မရဘဲ
                         ဤဥပဒေအရ တရားစွဲဆိုခြင်း မပြုရ ။

၃ ။  ၁၉၈၃ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲ
 ပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ
=====================================
ပုဒ်မ ၁၇ ။          ။ ဤဥပဒေအရ ကျူးလွန်သော ပြစ်မှု
                          များနှင့်စပ်လျဉ်း၍ တရားစွဲဆိုရာ၌ သက်ဆိုင်ရာဝန်ကြီးဋ္ဌာန၏ ကြိုတင်ခွင့်ပြုမိန့်ကို ရယူရ မည် ။

၎ ။  ၁၉၈၉ခုနှစ်၊ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ
=====================================ပုဒ်မ ၅၅(က) ။           ။ ပုဒ်မ ၄၃ အရ ပြည်သူ့ဝန်ထမ်း
                                   တစ်ဦးဦးကို အရေးယူရန်လိုအပ် လျှင် ဝန်ကြီးဋ္ဌာန၏ ကြိုတင်ခွင့်ပြုမိန့်ဖြင့်သာ တရားစွဲ
ဆိုခြင်း ပြုရမည် ။

၅ ။  ၁၉၉၀ပြည့်နှစ် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ
====================================
ပုဒ်မ ၅၉(က) ။            ။ ပုဒ်မ ၄၉အရ ပြည်သူ့ဝန်ထမ်း
                                  တစ်ဦးဦးကို အရေးယူရန်လိုအပ် လျှင် ဝန်ကြီးဋ္ဌာန၏ ကြိုတင်ခွင့်ပြုမိန့်ဖြင့်သာ တရားစွဲဆို ခြင်း ပြုရမည် ။

၆ ။  ၁၉၉၀ပြည့်နှစ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ
=====================================
ပုဒ်မ ၉၃ ။      ။ ပုဒ်မ ၈၇ သို့မဟုတ် ပုဒ်မ ၈၈ အရ
                      တရားစွဲဆိုရာတွင် ဗဟိုဘဏ်၏ ကြိုတင် ခွင့်ပြုချက် ရယူရမည် ။

၇ ။  ၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါးဥပဒေ
=============================
ပုဒ်မ ၂၆ ။         ။ ဤဥပဒေအရ တရားစွဲဆိုရာတွင်
                         ကျန်းမာရေးဝန်ကြီးဋ္ဌာန သို့မဟုတ် ဤ
ကိစ္စအလို့ငှာ လုပ်ပိုင်ခွင့် လွှဲအပ်ခြင်း ခံရသည့် အဖွဲ့အ စည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ကြိုတင်ခွင့်ပြုချက် ယူရမည် ။

၈ ။   ၂၀၀၀ပြည့်နှစ်၊ တိုင်းရင်းဆေးကောင်စီဥပဒေ
===================================
ပုဒ်မ ၂၈ ။              ။ ဤဥပဒေအရ ပြစ်မှုကျူးလွန်သူကို
                            တရားစွဲဆိုရာတွင် တိုင်းရင်း
ဆေးပညာဦးစီးဋ္ဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည် ။

၉ ။  ၂၀၀၂ခုနှစ်၊ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့်
ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေ
=====================================
ပုဒ်မ ၄၀ ။       ။ ဤဥပဒေအရ ပြစ်မှုဖြင့် တရားစွဲရာတွင်
                       ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ကြိုတင်ခွင့်ပြု ချက်ရယူရမည် ။

၁၀ ။   ၂၀၀၃ခုနှစ်၊ သွေးနှင့်သွေးပစ္စည်းဆိုင်ရာဥပဒေ
=====================================
ပုဒ်မ ၂၆ ။                 ။ ဤဥပဒေအရတရားစွဲဆိုရာတွင်
                                ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ ကြိုတင် ခွင့်ပြုမိန့်ကို ရယူရမည် ။

၁၁ ။  ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက်    ဥပဒေ
====================================
ပုဒ်မ ၇ ။        ။    ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်ကို
                   ဖောက်ဖျက်၍ ကျူးလွန်သူအား နိုင်ငံတော် သမ္မတ၏ သဘောတူခွင့်ပြုမိန့်မရရှိဘဲ မည်သည့်တရား ရုံးကမျှ စစ်ဆေးစီရင်ခြင်းမပြုရ ဟု ပြဋ္ဌာန်းထားပါသည်။

(ခွင့်ပြုမိန့် Sanction နှင့် စပ်ဆိုင်သမျှ )

Saturday, July 16, 2016

" တရားခံ မရှိဘဲ သက်သေစစ်မေးပိုင်ခွင့် "
===============================

           ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၂၀၅ ၊ ၃၇၅ ၊ ၄၂၈၊ ၄၃၉ နှင့် ၅၄၀(က)အရ  တရားရုံးမှ ခွင့်ပြုလျှင် တရားခံ  မရှိဘဲ သက်သေများကို စစ်နိုင်ပါသည် ။
           တရားခံပြေးနေလျှင် ၊ တရားခံပြေးကြောင်း ၊ ရုံးကယုံကြည်လျှင် ၊ တရားခံပြေးမှုပိတ်ပြီး ၊ တရားခံမရှိ ပဲ သက်သေစစ်နိုင်သည် ။

Monday, July 11, 2016

"တရားစီရင်ရေးသည် ပြည်သူအချင်းချင်း၏ ပဋိပက္ခ အရှုပ်အထွေး ပြဿနာတို့ကို ပြေလည်အောင် ဖြေရှင်း ပေးရန်ဖြစ်သည် ။ ရပ်ရွာနိုင်ငံ၏ လုံခြုံချမ်းမြေ့ရေးကို ဖြစ်စေရန် ရည်သန်သည် ။ မှန်ကန်ခြင်း ၊ မျှတခြင်း ၊ တည်ငြိမ်ခြင်း ၊ လေးနက်ခြင်း တို့သည် တရားစီရင်ရေး ၏ အင်အားဖြစ်သည် ။ တစ်ဖက်တွင် ကရုဏာထား၍ ပြုပြင်ပေးရသည် ။ တစ်ဖက်တွင်လည်း တစ်ဦး၏ အကျိုးနှင့် အများ၏အကျိုးကို နှိုင်းယှဉ်ချိန်ဆ၍ အများ အကျိုးလုံခြုံမှုကို ငဲ့၍ တစ်ဦးကို ထိုက်ထိုက်တန်တန် အပြစ်ပေးရ၏ ။ လွဲမှားသောကရုဏာမထားကောင်း ၊ ကျူးလွန်သူအပေါ် ပြတ်သားစွာ ထိုက်တန်သော ပြစ်ဒဏ် မသတ်မှတ်လျှင် နစ်နာသူဖက်မှ ကလဲ့စားချေ တတ်သည် ။ တရားလက်လွတ်တွေ ဖြစ်ကုန်တတ် သည် ။ ရန်ငြိုးပွားတတ်သည် ။ အများကိုအန္တရာယ်ပြု သောတိုက်ခိုက်သူ ၊ သတ်ဖြတ်ညှင်းပန်းသူ ၊ သူ့အိမ် ယာကို စော်ကားသူ ၊ ပြည်သူ့စီးပွားကို ထိပါးသူ ၊ လူငယ်တို့၏ အကျင့်စာရိတ္တကိုဖျက်သူ ၊ ဘိန်းဖြူ ဆေးခြောက်တို့ဖြင့် ကုန်ကူးအမြတ်ထုတ်ကာ လူညွန့် ချိုးသူ စသူတို့အပေါ်တွင် ပြည်သူ့တရားသူကြီးတို့က ပြည်သူ့အင်အားကိုဆောင်သော ပုဂ္ဂိုလ်များပီပီ ပြည်သူ့ အသိစိတ်ဖြင့် ပြတ်သားထိရောက်စွာ စီရင်အပ်ပေသည် ။                      ။ "

( ဒေါက်တာမောင်မောင် ၊ တရားရေးဋ္ဌာနဝန်ကြီး၏ ၇-၇-၇၃ နေ့စွဲပါ ဒုတိယအမှာစာ ၊ ပြည်သူ့တရားရုံး လက်စွဲစာစောင် - ၁ ဒုတိယအကြိမ် ပြင်ဆင်ပုံနှိပ်ခြင်း )