Friday, November 18, 2016

Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
အလောင်းအတည်ပြုခြင်း၏ကွင်းဆက် ။     ။အလောင်း
ကို ဆေးရုံ၌ လက်ခံရရှိချိန်တွင် အလောင်းသည် မည်
သည့်လက်မှရရှိကြောင်း ၊ မည်သူဖြစ်ကြောင်း မှတ်ယူ၍
အလောင်း၏ လက်ကောက်ဝတ်တွင် ထိုရေးမှတ်ချက်
များနှင့်တကွ ၊ အလောင်းနံပါတ်ပြားကိုပါ ကြိုးကွင်းတစ်
ခုဖြင့် ပူးတွဲချည်နှောင် ပိတ်ပစ်ရမည် ။ ထိုနံပါတ်ပြားများ
ရေးမှတ်ရာတွင် အင်္ဂလိပ် -၆- နှင့် -၉- ဂဏန်းများကို လုံး
ဝ မသုံးရချေ ။
         အလောင်းကို ရင်မခွဲမီ၌လည်း အထက်ပါ သတ်
မှတ်ချက်များကို ပြန်လည်စိစစ်ပြီး လက်ခံရရှိသော
အလောင်းသည် မည်သူမည်ဝါဖြစ်ကြောင်း မည်သူ့
လက်မှ မည်သည့်အချိန်တွင် ရရှိကြောင်း ထပ်မံ
အတည်ပြုရန် လိုပေသည် ။ ထိုမျှမက အလောင်းနှင့်
တစ်ပါတည်း ပါရှိသော အခြားသက်သေခံပစ္စည်း ပစ္စယ
များကိုလည်း မည်သူ့လက်မှ ရရှိကြောင်းနှင့် နောက်ဆုံး
မည်သူ့ထံသို့ လွှဲအပ်ကြောင်း တိကျစွာ မှတ်တမ်းတင်ရ
မည် ။ တရားဥပဒေကျင့်ထုံးအရ ,
- မည်သည့်သက်သေခံပစ္စည်း မဆို
- မည်သူ၏ လက်မှ ရရှိ၍
- မည်သူ့ထံ ထပ်မံလွှဲအပ်ကြောင်း စသည်ဖြင့် အဆင့်
ဆင့် ကွင်းဆက် မပြတ်စေဘဲ တိကျစွာ အတည်ပြုရပေ
သည် ။ အကယ်၍ သက်သေခံပစ္စည်း အပေးအယူ
ကွင်းဆက် ပြတ်လပ်ခဲ့သည်ရှိသော် ယင်းသက်သေခံ
ပစ္စည်းမှာ တရားဝင်တော့မည် မဟုတ်ချေ ။

××××××××××××××××××××××××××××××××××××××××

ရင်ခွဲချိန် ။          ။ မည်သည့်နေ့ရက် ၊ မည်သည့်အချိန်
နာရီတွင် စတင်၍ ရင်ခွဲကြောင်း ရှေးဦးစွာ မှတ်တမ်းတင်
ရသည် ။ ဤကဲ့သို့မှတ်တမ်းတင်ခြင်းအားဖြင့်အလောင်း
ကို သေပြီးနောက် မည်မျှအကြာတွင် ရင်ခွဲကြောင်း သိရှိ
နိုင်ပေမည် ။ ထိုသို့ သိရှိနိုင်ခြင်းအားဖြင့် အလောင်းပေါ်
၌ ပေါ်ပေါက်လာသော သက်ပျောက် ရုပ်ပြောင်းမှုများ
( Post-mortem changes ) တို့ကို ထောက်ထားလျက်
သေဆုံးချိန်သည် မည်မျှကြာမြင့်ပြီဖြစ်ကြောင်း ချိန်ဆနိုင်
လေသည် ။ အလောင်းကို ရေခဲတိုက်အတွင်းတွင် ထား
မည်ဆိုလျှင် အလောင်းပေါ်၌ ပေါ်ပေါက်လာမည်ဖြစ်
သော သက်ပျောက်ရုပ်ပြောင်းမှုများ Post-mortem ch-
anges ဖြစ်ပေါ်ချိန် ပြောင်းလဲသွားပေမည် ။ ရေခဲဓါတ်
ကြောင့် အထက်ပါအတိုင်း ပျက်ပြားချက်များ ပေါ်ပေါက်
လာခဲ့ပြီးမှ သေဆုံးချိန်ကို ခန့်မှန်းမည်ဆိုလျှင် မှားယွင်း
သွားပေမည် ။           ။

No comments:

Post a Comment