Wednesday, August 3, 2016

တရားခံပြေးမှုများ  (Absconder )
==========================
      ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ (၁) နှင့် (၂) တို့တွင် ပြဋ္ဌာန်းထားပါသည် ။
      တရားခံပြေးမှုများကို သရုပ်ခွဲရလျှင်
(က) တရားခံအားလုံးဝဖမ်းဆီးရမိခြင်းမရှိသည့်မှုခင်း
(ခ)   အချို့တရားခံဖမ်းမိပြီး အချို့တရားခံထွက်ပြေးနေ
        သောမှုခင်းများစစ်ဆေးခြင်း
(ဂ)   ရုံးတွင်စစ်ဆေးနေစဉ် တရားခံထွက်ပြေးတိမ်း
        ရှောင်ခြင်း နှင့်
(ဃ) တရားခံပြေးသေဆုံးခြင်းတို့ ဖြစ်ပါသည် ။

(က)  တရားခံအားလုံးဝဖမ်းဆီးရမိခြင်းမရှိသည့်မှုခင်း
=====================================
(၁) တရားခံဖမ်းဆီးရမိရန် ဝရမ်းထုတ်ရမည် ။
(၂) ဝရမ်းအတည်မဖြစ်ပါက အတည်မဖြစ်ကြောင်းကို
      ဝရမ်းအတည်ပြုသူရဲအရာရှိက ရုံး၌လာရောက်
      အစစ်ခံရမည် ။
(၃) တရားခံဖမ်းဆီးရမိခြင်းမရှိကြောင်း သို့မဟုတ် ထွက်
      ပြေးတိမ်းရှောင်ကြောင်း ထွက်ဆိုမည့်သက်သေခံ
      ချက်ကို ရေးမှတ်ယူရမည် ။
(၄) တရားခံထွက်ပြေးတိမ်းရှောင်နေ၍ အလွယ်တကူ
      ဖမ်းဆီးရမိရန် မျှော်လင့်ချက်မရှိကြောင်း ရုံးကယုံ
      ကြည်သည့်အခါတွင် ထိုအကြောင်းကိုဖော်ပြ၍
      တရားခံ၏ မျက်ကွယ်တွင် သက်သေများကို စစ်
      ဆေးသွားမည်ဖြစ်ကြောင်း အမိန့်ချမှတ်ရမည် ။
(၅) ယင်းနောက် အချင်းဖြစ်အကြောင်းအရာကို ထွက်
      ဆိုမည့် မှင်မဲပြသက်သေများအား ဆက်လက်စစ်
      ဆေးရန်ဖြစ်ပါသည် ။
(၆) သက်သေထွက်ချက်များအရ တရားခံအပေါ် အရေး
      အရေးယူရန် အခြေအမြစ်ရှိ မရှိကို သုံးသပ်ရမည် ။
      အခြေအမြစ်မရှိပါက သို့မဟုတ် သေးငယ်သောပြစ်မှု
      ဖြစ်ပါက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇-၈၈ အရ
      အရေးယူရန်မလိုပါ ။(ရုံးလက်စွဲ ၅၁၃ )
(၇) တရားခံပြစ်မှုကျူးလွန်ကြောင်း အခြေအမြစ်ရှိပါက
      ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၆၇(၁)အရ ရက် ၃၀
      ထက် မနည်း အချိန်ပေး၍ တရားခံလာရောက်ရန်
      ကြော်ငြာစာထုတ်ရမည် ။ ရာဇဝတ်ကျင့်ထုံး ၈၇(၂)
      အရ ယင်းကြော်ငြာစာကိုတရားခံနေအိမ်၌ ကပ်ထား
      ရမည် ။
(၈) တရားခံပြေးအားရုံးလာရောက်ရန်ကြေငြာပြီးနောက်
      မည်သည့်အချိန်၌မဆို တရားခံပြေးပိုင်ဆိုင်သော
      ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို ရောင်းရန်အမိန့်
      ထုတ်နိုင်သည် ။(ရာဇဝတ်ကျင့်ထုံး ၈၇(၁)(၂))။ဝရမ်း
      ကပ်သည့်နေ့မှ ၆ လအတွင်း တစ်စုံတစ်ဦးက ဝရမ်း
      ကပ်ထားသည့်အပေါ် ဆိုင်ရေးဆိုင်ခွင့်ရှိသည်ဟု
      တင်ပြတောင်းဆိုလာလျှင် ရုံးကစုံစမ်းစစ်ဆေး၍
      သင့်လျော်သောအမိန့် ချမှတ်နိုင်သည် ။ဝရမ်းကပ်
      သည့်နေ့မှ ၂ နှစ်အတွင်း တရားခံက အဖမ်းခံလျင်
      ဖြစ်စေ ၊ ဖမ်းမိလျှင်ဖြစ်စေ ၊ ရုံးကထွက်ပြေးတိမ်း
      ရှောင်သည်ဟု မယူဆပါကဝရမ်းကပ်ထားသော
      ပစ္စည်းကိုတရားခံအားပြန်ပေးနိုင်သည် ။ကျင့်ထုံး
      ၈၇-၈၈ အရ ဆောင်ရွက်ပြီးမှသာ တရားခံပြေး
      (ဝရမ်းပြေး)ဖြစ်သည် ။
(၉) တရားခံအား အထက်ပါနည်းလမ်းအတိုင်း ရုံးသို့လာ
      ရောက်ရန် အတင်းအကြပ် ပြုလုပ်ချိန်တွင် တရားလို
      ပြ သက်သေများအား စစ်မြဲစစ်ဆေးသွားရမည် ။
(၁၀)တရားခံမျက်ကွယ်တွင် လိုပြသက်သေများ၏
       ကတိသစ္စာပြုအစစ်ခံချက်များသည် နောင်တွင် ၄င်း
       ပြစ်မှုနှင့်စွပ်စွဲခံရသူမည်သူ့အပေါ်မဆို ကတိသစ္စာ
       ပြုအစစ်ခံခဲ့သူ သေ/အဝေးရောက်/ရှာမတွေ့/
       အချိန်နှင့် စရိတ်အလွန်ကုန်ကျမည့် အခြေအနေမျိုး
       ကြောင့် မလာမရောက်နိုင်သောအခါတွင်သက်သေ
       ခံအဖြစ်အသုံးပြုနိုင်သည် ။ (ကျင့်ထုံး ၅၁၂(၁)၊ရုံး
       လက်စွဲအပိုဒ် ၅၀၃၊ ကာစီနှင့်အစိုးရ ၁၉၆၂ မြန်မာ
       နိုင်ငံတရားစီရင်ထုံး စာ-၄၁၇)

(ခ) အချို့တရားခံကိုဖမ်းမိပြီးအချို့တရားခံထွက်ပြေးနေ
      သောမှုခင်းများ
=====================================
   အထက်အပိုဒ်(က)တွင် ဖော်ပြထားသည့်အတိုင်းပင်
ထွက်ပြေးတိမ်းရှောင်နေသော တရားခံအပေါ် ရာသေး
အမှုဖွင့်လှစ်ဆောင်ရွက်ရပြီး ဖမ်းဆီးရမိသောတရားခံ
အပေါ်ပုံမှန်အတိုင်းစစ်ဆေးဆောင်ရွက်ရမည် ။

(ဂ) ရုံး၌စစ်ဆေးနေစဉ်တရားခံထွက်ပြေးတိမ်းရှောင်ခြင်း
=====================================
    စစ်ဆေးဆဲတရားခံအား အာမခံပေးထားစဉ်ဖြစ်စေ၊
အချုပ်မှထွက်ပြေးလွတ်မြောက်လျှင်ဖြစ်စေ ထိုကိစ္စမျိုး
ကြုံတတ်ပါသည် ။အာမခံပေးထားသောတရားခံထွက်
ပြေးလျှင်အာမခံဝန်ပေးသူများ ၊အပေါ် ရာဇဝတ်ကျင့်ထုံး
ဥပဒေပုဒ်မ ၅၁၄ အရ ရာသေးအမှုဖွင့်၍ ခံဝန်ပေးသူများ
အပေါ် အရေးယူရပါသည် ။
   အမှုစစ်ဆေးနေဆဲ တရားခံထွက်ပြေးတိမ်းရှောင်
သောအခါ၌ အမှုကြီးအားကျင့်ထုံးပုဒ်မ ၅၁၂အရ အမှု
သေးအဖြစ်ထွက်ပြေးသောတရားခံအတွက်ဖွင့်လှစ်ရပါ
သည် ။
   တရားခံများကို ပူးတွဲစွဲဆိုရာ၌ တရားခံတစ်ဦးထွက်
ပြေးလျှင် ထိုတရားခံအတွက်ရာသေးအမှုဖွင့်လှစ်
ဆောင်ရွက်ပြီး၊ကျန်တရားခံများအတွက်မူ မူလပြစ်မှု
ကြီးအတိုင်းပင် ဆက်လက်စစ်သွားရမည် ။

(ဃ) တရားခံပြေးသေဆုံးခြင်း
=====================
     တရားခံပြေးသေဆုံးကြောင်း သတင်းရသည့်အခါ
ထိုတရားခံသေဆုံးကြောင်း သိရှိသူနှင့်ရပ်ကွက်အုပ်ချုပ်
ရေးမှုးတို့အားခေါ်ယူစစ်ဆေးပြီး မှန်ကန်ကြောင်း တွေ့ရှိ
ပါက ထိုအမှုကိုပိတ်ရန်ဖြစ်ပါသည် ။