Wednesday, November 23, 2016

Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
ကိုယ်ပေါ်ရှိ ပြင်ပဒဏ်ရာများ ။          ။ ကိုယ်ပေါ်တွင်
တွေ့ရှိနိုင်သော ဒဏ်ရာများကို တိကျစွာမှတ်သားရမည်
ဒဏ်ရာတစ်ခုသည် မည်မျှပင်သေးဖွဲ့စေကာမူ ၊လျစ်လျူ
မရှုဘဲ တိကျစွာ မှတ်သားရမည် ။ ဒဏ်ရာများကို မှတ်
သားရာ၌  _

(၁) ဒဏ်ရာ၏ အမျိုးအစား
(၂) ဒဏ်ရာ၏ အတိုင်းအထွာ
(၃) ဒဏ်ရာ၏ တည်နေရာ
(၄) ဒဏ်ရာ၏ ပုံပန်းသဏ္ဍန်
(၅) ဒဏ်ရာ၏ သွားရာလမ်းကြောင်း
(၆) ဒဏ်ရာ၏ အလျားလိုက် အနေအထား
(၇) ဒဏ်ရာတွင် တွယ်ကပ်နေသော အစအန ၊ အမှုန့် ၊
      အဝတ်စ ၊ စသည်တို့ ရှိ - မရှိ
(၈) ဒဏ်ရာရပြီး အချိန်ကာလအလိုက် ဖြစ်ပေါ်လာသော
      အပြောင်းအလဲများ ၊ ဒဏ်ရာ၏ လတ်ဆတ်ပုံ ၊ သို့
      တည်းမဟုတ် ဒဏ်ရာဟောင်းဖြစ်ပြီး အသားနုတက်
      ခြင်း ၊ ပြည်တည်ခြင်း စသည့်အခြေအနေ ရှိနေပုံ ၊
(၉) သေပြီးမှရသောဒဏ်ရာ သို့မဟုတ် အသက်ရှိစဉ်က
      ရသောဒဏ်ရာများ အခြေအနေ (ဒဏ်ရာနှင့် ပတ်
သက်သော ဖော်ပြချက်များ၏ အသေးစိတ် အကြောင်း
များကို စာသားဖြင့် မည်မျှဖြင့် ထုတ်ဖော်ရေးသားထား
သည် ဖြစ်စေကာမူ ပုံတူဆွဲ (Sketch)ခြင်း ၊ ဓာတ်ပုံရိုက်
မှတ်တမ်းတင်ခြင်းများထက်မူကား ပို၍ တိကျနိုင်မည်
မဟုတ်ချေ ။ ဆေးဌာနပုံစံ (ဆေး ၂၁/ အပိုင်း ၁) တွင်
လည်း လူ၏ ပုံကြမ်းပုံများ ပါရှိလေသည် ။ထိုပုံစံများတွင်
ဒဏ်ရာ အနေအထား ၊ အရွယ်ပမာဏ စသည်တို့ကို အ
ချိုးကျအတိုင်း ဖြည့်စွက်ရမည် ။ ဒဏ်ရာများကို တစ်ခုစီ
နံပါတ်တပ်ပြီး ဖော်ပြသွားရမည် ။ ဤသို့ နံပါတ်တပ်ခြင်း
သည် ဒဏ်ရာရစဉ်အခါက ထိုနံပါတ်များ အစဉ်လိုက်အ
တိုင်း ဒဏ်ရာတစ်ခုပြီးတစ်ခု ရရှိခဲ့သည်ဟု မယူဆအပ်
ချေ ။ သို့သော် စစ်ဆေးသူအနေဖြင့် ဒဏ်ရာများသည်
အစဉ်အတိုင်း တစ်ခုပြီးတစ်ခု ရရှိခဲ့လိမ့်မည်ဟု ယူဆ
လျက် နံပါတ်ကိုလည်း အစဉ်လိုက် ပူးတွဲသတ်မှတ်သွား
သည့် စနစ်ကို သုံးလိုလျှင် သုံးနိုင်ပေသးသည် ။
             ဒဏ်ရာများကိုစစ်ဆေးကြည့်ရှုရာ၌ စိတ်မှန်းဖြင့်
မရယူဘဲ ဒဏ်ရာ၏ အတိုင်းအထွာများကို တိကျစွာမှတ်
သားရမည် ။ ပြင်ပဒဏ်ရာများကို ကြည့်ရှုစစ်ဆေးစဉ်
ကိုယ်တွင်းသို့ ဖေါက်ထွင်းနေသည့် အခြေအနေများကို
(Probe)စသည်တို့ဖြင့် ထိုးသွင်းကြည့်ရှုခြင်းကို ရှောင်
ကြဉ်ရမည် ။

ခန္ဓာကိုယ်တွင်း ခွဲစိတ်ကြည့်ရှုပုံ ။       ။ အလောင်းတစ်
လောင်းကို ရင်ခွဲကြည့်ရှုလျှင် ဆရာဝန် ၂ ဦးအတူလုပ်
ကိုင်ရန်လိုသည် ။ တစ်ဦးကဓါးနှင့် ခွဲစိတ်မှုပြုလုပ်ပြီး
ကျန်တစ်ဦးက တွေ့ရှိသော အချက်အလက်များကို ရေး
မှတ်ရန်လိုပေသည် ။
                        ကိုယ်ခန္ဓာအတွင်း ခွဲစိတ်ကြည့်ရှုရာတွင်
အရေးကြီးသော အချက်တစ်ခုမှာ မည်သည့်အကြောင်း
ကြောင့် သေသည်ဖြစ်စေ ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းအား
လုံးကို အမြဲတမ်းခွဲစိတ်ကြည့်ရှုသည့် အလေ့အထ ရှိရ
မည် ။ ဥပမညဆိုရလျှင် ယာဉ်တိုက်မှုကြောင့်သေသဖြင့်
ပထမ ဝမ်းဗိုက်အတွင်းသို့ခွဲကြည့်ရာ ဘေလုံးနှင့်
အသည်းတို့ကွဲ၍ ၄င်းဒဏ်ရာများမှ သွေးလွန်ပြီး သွေး
ဆုတ်သေကြောင်း အချက်အလက်များကို တွေ့ရှိသော်
ငြားလည်း အခြားရင်ဘတ်အတွင်းမှ ကိုယ်အင်္ဂါအစိတ်
အပိုင်းများ ၊ ဦးခေါင်းခွံအတွင်းရှိ ဦးဏှောက်နှင့် ဦးခွံ
အခြေတို့ကိုပါ စစ်ဆေးကြည့်ရှုခြင်း မပြုဘဲ ချန်လှပ်
မထားသင့်ပေ ။             ။


Tuesday, November 22, 2016

Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
သက်ပျောက်ရုပ်ပြောင်းမှု ။        ။ သေသူတစ်ဦး၏ သေ
ဆုံးချိန်ကို ဆုံးဖြတ်အတည်ပြုနိုင်ရန် သက်ပျောက်ရုပ်
ပြောင်းမှုများကို လေ့လာပြီးမှတ်တမ်းတင်ရမည် ။ မှတ်
တမ်းတင်ရန်အချက်များမှာ -
(၁) ကိုယ်ခန္ဓာ၏အပူချိန် ( ဓာတ်ခွဲခန်းသုံး ပြဒါးတိုင်ကို
      အလောင်း၏ စအိုတွင်းသို့ ၂ မိနစ်ကြာမျှသွင်းပြီးပြင်
      ပသို့ ပြန်မထုတ်ခင် ပြဒါးအမှတ်အသားများကိုကြည့်
      ရှုရန် လိုသည် ။ သို့တည်းမဟုတ် ဝမ်းဗိုက်ကို အ
      နည်းငယ် ဖောက်ပြီး ပြဒါးတိုင်ကို အထဲသို့ ထည့်
      သွင်းလျက် ယခင်နည်းအတိုင်း တိုင်းတာရမည် ။အ
      ဖျားတိုင်း ပြဒါးတိုင်ကို မည်သည့်အခါမျှမသုံးရ ။ )
(၂) ကိုယ်ခန္ဓာရှိ ကြွက်သားတို့၏ သက်ပျောက်တောင့်
      တင်းမှု ( Rigor mortis ) အခြေအနေကို လေ့လာ
      မှတ်တမ်းတင်ရမည် ။ ထိုသို့မှတ်တမ်းတင်ရာတွင် -
-     ဦးခေါင်း
-     လည်ပင်း
-     ကြွက်သားများ
-     လက်
-     ရင်အုံ
-     ဝမ်းဗိုက်
-     ခြေထောက်တို့၏ တောင့်တငးခြင်း အခြေအနေတို့
      ကို မှတ်ယူရမည် ။

အလောင်း၏အခြေအနေ ။        ။ အလောင်း၏ အရပ်အ
မောင်း ၊ အလေးချိန် ၊ စိုပြည်ဝဖြိုးမှု ၊ သန်စွမ်းမှု ၊ မူလ
ကိုယ်အင်္ဂါချို့တဲ့မှုများကို ဖော်ပြမှတ်တမ်းတင်ရမည်။ဤ
အချက်အလက်များကို ရရှိထားခြင်းအားဖြင့် သေဆုံးသူ
သည် အခင်းဖြစ်ပွားစဉ်က မည်ကဲ့သို့ ခုခံကာကွယ်နိုင်
စွမ်းရှိမရှိ ၊ သူတစ်ပါးအား ရန်ပြုနိုင်-မပြုနိုင် စသည်တို့ကို
ခန့်မှန်းနိုင်ပေမည် ။ ထိုသို့ ခန့်မှန်းနိုင်ခြင်းဖြင့် အချင်းဖြစ်
ပွားစဉ် သေဆုံးသူသည် မည်ကဲ့သို့ ပါဝင်လှုပ်ရှားနိုင်ခဲ့ပုံ
ကို ချိန်ဆနိုင်ပေသည် ။

အလောင်းတွင် အထူးစစ်ဆေးရမည့်နေရာများ။    ။မျက်
နှာနှင့် ခေါင်း ၊ မျက်ခုံးမွှေး ၊ မျက်တောင်မွှေး ၊ ဆံပင်မွှေး
အမျိုးအစားများကို သတ်မှတ်ပြီး သီးခြားနမူနာယူထားရ
မည် ။ ( ထိုသို့နမူနာယူရာတွင် ကတ်ကြေးဖြင့် ကိုက်
ဖြတ်ယူခြင်း မဟုတ်ဘဲ နှုတ်ယူခြင်းဖြစ်ရမည် ။ ) မျက်နှာ
၏မဲ့ရွဲ့ပုံ ၊ ပြုံးပုံ ၊ ကြောက်လန့်ပုံ စသည်တို့ကို မှတ်သား
ရမည် ။ မျက်နှာပေါ်တွင် ပေကျံနေသောအရာများ ရှိမရှိ
ကိုလည်း ကြည့်ရှုရမည် ။ မျက်နှာအရေပြားပေါ်တွင်
သွေးခြည်ဥအစက်များ (Petechial haemorrhages)ရှိ
မရှိကိုလည်း ကြည့်ရှုစစ်ဆေးရမည် ။ မျက်နှာတစ်ပြင်
လုံးတွင် အရောင်အဆင်း ပြောင်းလဲခြင်း ရှိမရှိ ၊ အကယ်
၍ ရှိလျှင် မည်သို့သော အရောင်အဆင်း( cherry red,
chocolate brown, bluish, etc…,) ၌ ရှိနေကြောင်း
မှတ်သားရမည် ။

မျက်စိ     -     မျက်ဖြူသားပေါ်၌ သွေးခြည်ဥများ ရှိသည့်
အခြေအနေ ၊ မျက်ဖြူသားအဝါရောင်(Jaundice)ရှိမရှိ ၊
သူငယ်အိမ်အကျဉ်းအကျယ် ၊ မျက်လုံးပြူးကြောင်နေ
ခြင်း ရှိမရှိ ။

လက်ဖဝါး   -    ရေထဲတွင် အစိမ်ခံရသော အလောင်း
ဟုတ်မဟုတ် သိနိုင်ရန် လက်အရေခွံများ ပဲရေပွထနေ မ
နေကို မှတ်သားရမည် ။ သက်ပျောက်သည်တစ်ပြိုင်နက်
ဆုပ်ကိုင်မှု (Cadaveric Spasm) အားဖြင့် လက်ဖဝါး
တွင်း၌ ဆုပ်ကိုင်ထားသော အရာဝတ္ထုများ ရှိမရှိ ။

လက်သည်း   -      လက်သည်းများ ညိုပြာရောင် ဖြစ်နေ
မနေ ၊ လက်သည်းကြားများတွင် ကုတ်ခြစ်ခြင်းကြောင့်
ရသော လူ၏ အရေခွံစ စသည်များရှိမရှိ ၊ အရိုက်​ခံရ
သော လက်​နက်​တို့မှ အစအနများ လက်​သည်းတွင်​ညှပ်
ကပ်​​နေမ​နေ စသည်​တို့ကိုမှတ်​သားရမည်​ ။ ထို့ပြင်​လက်
ချောင်းတိုင်းမှ လက်​သည်းများကို ဖြတ်​ယူ၍ တစ်​ခုစီ
သီးသန့်​ထုတ်​လျက်​ ဓာတ်​ခွဲခန်းသို့ ​ပေးပို့နိုင်​ရန်​ သိမ်း
ဆည်းရမည်​ ။

နှုတ်​ခမ်း ၊ နှာ​ခေါင်းနှင့်​ ပါးစပ်​​ပေါက်​ ။       ။ နှုတ်​ခမ်း ၊ နှာ
ခေါင်းနှင့်​ ပါးစပ်​​ပေါက်​များတွင်​ အမြှုပ်​များ ရှိမရှိ ၊ ရှိ​နေပါ
က အမြှုပ်​အရွယ်​အစား ၊ အ​ရောင်​အဆင်း ၊ အမြှုပ်​များ
သည်​ ​သွေးစွန်းသည့်​ အမြှုပ်​များ ဟုတ်​မဟုတ်​ တို့ကို
မှတ်​သားရမည်​ ။ နှုတ်​ခမ်းများတွင်​ ညိုပြာ​ရောင်​ ဖြစ်​​နေမ
နေကိုလည်း မှတ်​ယူရမည်​ ။

မိန်းမကိုယ်​​ပေါက်​   -   မိန်းမကိုယ်​​ပေါက်​အဝနှင့်​အတွင်း
ဘက်​များမှ အရိအရွဲနှင့်​ အခြားအရာများကို ထုတ်​ယူ
လျက်​ ​ယောက်ျားသုတ်​ပိုးများ ရှိမရှိ စစ်​​ဆေးမှတ်​သားရ
မည်​ ။ ဒဏ်​ရာဖြင့်​​သေ​သော လူသတ်​မှု ​ယောက်ျား အ
လောင်းများတွင်​လည်း အ​လောင်း၏စအိုဝတွင်​ ကာမ
စပ်​ယှက်​ထား​သော ဒဏ်​ရာဒဏ်​ချက်​ သို့မဟုတ်​ ပိုမိုအဝ
ကျယ်​​နေခြင်း အ​ခြေအ​နေများကို ကြည့်​ရှုရမည်​ ။        ။
Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
အလောင်း၏ ကိုယ်ပေါ်မှ အဝတ်အစား ။     ။အလောင်း
၏ ကိုယ်ပေါ်မှ အဝတ်အစားများကို ခွာယူရာတွင် ထိုအ
ဝတ်အစားများပေါ်၌ ကပ်ငြိပါရှိနိုင်သည့် ယမ်းစ ၊ မှန်စ ၊
အမွှေးအမှင် ၊ အစွန်းအထင်း အစအန စသည်များ လွင့်
စင် ပျောက်ဆုံးမသွားစေရန် အရေးကြီးလေသည် ။ အ
ကယ်၍ ထိုအဝတ်အစားများပေါ်မှ အစအန တစ်စုံတစ်
ရာ ကွာကျ ၊ ရရှိခဲ့လျှင် စနစ်တကျ စုဆောင်းရယူ သိမ်း
ဆည်းရမည် ။ ထို့နောက် အစအနများနှင့် သင့်တော်ရုံမျှ
ရှိသော မင်နှိပ်စက္ကူ - ၂ ချပ်ကြားတွင် ညှပ်လျက်ဘူးငယ်
ကလေးများဖြင့် ထည့်ကာ သက်ဆိုင်ရာ ဓါတ်ခွဲခန်းသို့
တင်ပြနိုင်ရန် ကောင်းစွာ သိမ်းဆည်းထားရမည် ။ ထိုမျှမ
က အဝတ်အစားများပေါ်သို့ ဖုန်မှုန့်စသည့် မသက်ဆိုင်
သော အစအနများ မကပ်ငြိစေရန် ကောင်းစွာ သိမ်း
ဆည်းထားရမည် ။
        သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ၏ အင်္ကျီအဝတ်
အစားတို့၌ တွေ့ရှိရသော ကျည်ဆံဝင်ပေါက် ၊ ပတ်ဝန်း
ကျင်တွင် ယမ်းငွေ့ယမ်းစများ ရှိမရှိ စစ်ဆေးရမည် ။
တွေ့ရှိက ထိုယမ်းငွေ့ယမ်းစများကို ကောက်ယူသိမ်း
ဆည်းပြီး ၊ ရဲအရာရှိထံ စနစ်တကျအပ်နှံရမည် ။
အလောင်း၏ကိုယ်ပေါ်မှ အဝတ်အစားများကို နံဘေး
ချုပ်ရိုးအတိုင်း ကတ်ကြေးဖြင့်ကိုက်၍ ခွာယူရမည် ။ ထို
သို့ ကတ်ကြေးနှင့်ကိုက်ရာတွင် ကျည်ဆံပေါက် ၊ ဓား
မြှောင်ပေါက် ၊ ရှနစုတ်ပြဲသောနေရာများ စသည်တို့ကို
ရှောင်ကွင်း ကိုက်ဖြတ်သွားရပေမည် ။ အင်္ကျီအဝတ်အ
စားများတွင် ပါရှိသော ကျည်ဆံပေါက်များကို လက်ညှိုး
ဖြင့် ထိုးကြည့်ခြင်း ၊ တုတ်ဖြင့်ထိုးကြည့်ခြင်း စသည်တို့
ကို မပြုလုပ်ရပေ ။ ပြုလုပ်ခဲ့မိပါက ကျည်ဆံဝင်ပေါက်
ထွက်ပေါက် စသည်တို့ကို ခန့်မှန်းဆုံးဖြတ်ရန် ခဲယဉ်းပေ
မည် ။ တစ်ခါတစ်ရံတွင် သေနတ်ဒဏ်ရာဖြင့် သေသူတို့
၏ ကိုယ်၌ ကျည်ဆံသည် အင်္ကျီကိုဖောက်ထွက်မသွား
ဘဲ အင်္ကျီနှင့်အသားကြားတွင် ညပ်နေတတ်သည်ကို
သတိပြုရန်လိုပေသေးသည် ။
          လျှပ်စစ်ဓာတ်ဖြင့် သေဆုံးရသူများတွင် လျှပ်စစ်
ဓာတ်သည် ဖိနပ်ခွာဘက်မှ ဝင်ထွက်သော အခြေအနေ
များကို တွေ့ရတတ်သည် ။
          အဝတ်အစားပေါ်တွင် တွေ့ရှိသော သွေးစွန်း
သွေးကွက်များကို ပကတိအတိုင်း ထားရှိရန်လိုပေသည်
သွေးစွန်းသွေးကွက်များ ပုပ်သိုးသွားခြင်းကြောင့် ၊ ဓာတု
ဗေဒနည်းဖြင့် သွေးစစ်ဆေးရာတွင် ခက်ခဲမည်ဖြစ်ပေရာ
စိမ်းစိုနေသော သွေးကွက်များပါရှိသော အဝတ်အစား
များကို လျင်မြန်စွာ ခြောက်သွေ့အောင် ပြုလုပ်ပြီးမှသိမ်း
ဆည်းရမည် ။ ထို့နောက် ယင်းအဝတ်အစားများကိုစက္ကူ
ဖြင့် တစ်လွှာစီ စနစ်တကျညှပ်၍ သွေးစစ်ဌာနသို့ ပေးပို့ရ
မည် ။ အလောင်းပေါ်မှ သိမ်းဆည်းရရှိသော အဝတ်အ
ထည်များကို မည်သည့်အခါမျှ လုံးထွေးစုပုံလျက် ရင်ခွဲ
ခန်း ကြမ်းပြင်ပေါ်တွင် ပစ်မထားရပေ ။ ထို့ပြင် ယင်းအ
ဝတ်အထည်များကို စက္ကူအိတ်စသည်တို့အတွင်းသို့
လုံးထွေးပြွတ်သိပ်နေအောင် ကျပ်တည်းစွာထည့်သွင်း
ခြင်းမပြုရ ။ အဝတ်များတွင် သုက်သွေးရှိသောနေရာများ
ကို ခေါက်ချိုးကြေမွစေခြင်းမှ ရှောင်ကြဉ်ရမည် ။          ။

Saturday, November 19, 2016

Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
အလောင်းရာဇဝင် ။       ။ အလောင်းကိုမခွဲမီ အလောင်း ၏ ရာဇဝင်ကို ရယူရမည် ။ ပြင်ပတွင်သေဆုံးခဲ့သော
မလောင်းများနှင့်သက်ဆိုင်သော ရာဇဝင်ကိုမူကား
သက်ဆိုင်ရာ မိဘ ၊ ဆွေမျိုးသားချင်း စသည်တို့ထံမှ
လည်းကောင်း ၊ အမှုနှင့်ပတ်သက်သော ရဲအရာရှိများ
ထံမှ လည်းကောင်း ၊ မှုခင်းဖြစ်ပွားစဉ်၌ ရှိနေသော မျက်
မြင်သက်သေတို့ထံမှလည်းကောင်း ရယူနိုင်သည် ။ မေး
မြန်းရယူရန် အချက်အလက်တို့မှာ -
(၁) အလောင်းကို မည်သည့်နေရာ ၊
(၂) မည်သည့်အချိန်တွင်ရကြောင်း ၊
(၃) မည်သို့မည်ပုံ သေဆုံးရကြောင်း ၊
(၄) အလောင်းကို မည်သို့မည်ပုံ မည်သည့်အနေအထား
      ၌ တွေ့ရကြောင်း ၊    
(၅) ကိုယ်ခန္ဓာနှင့်တကွ အလောင်း ပတ်ဝန်းကျင်တွင်
      တွေ့ရှိရသော သွေးစွန်း သွေးကွက်များအကြောင်း ၊
(၆) ဒဏ်ရာရပြီးနောက် အချိန်မည်မျှကြာမှ သေဆုံးသွား
      ကြောင်း ၊
(၇) မသေဆုံးမီ မည်သည့်အချိန်နာရီတွင် မည်သည့်
    အစားအစာကို နောက်ဆုံးစားခဲ့ကြောင်းများနှင့်တကွ၊
    အခြားသော တူညီသည့် အချက်အလက်များပင်
    ဖြစ်လေသည် ။
   
            ဆေးရုံတွင် ကုသခံပြီးမှ သေဆုံးသွားရသော
အလောင်းများနှင့်သက်ဆိုင်သော ရာဇဝင်ကိုမူကား ၊ လူ
နာ ဆေးရုံတက်စဉ် မှတ်သားထားသော မှတ်တမ်းစာ
ရွက် ( Patient's chart ) မှ ရယူရမည် ။ ထိုမျှဖြင့် မစုံ
လင်သေးဟု ယူဆပါမူ သက်ဆိုင်ရာ တာဝန်ခံဆရာဝန်
ထံတွင် စုံစမ်းမေးမြန်းရန် လိုအပ်လေသည် ။ ရယူရမည့်
အလောင်း၏ အရေးကြီးသော ဖြစ်စဉ် အချက်အလက်
တို့မှာ -
- မည်သည့်နေ့ရက် ၊ အချိန်နာရီတွင် ဆေးရုံ၌ လက်ခံ
  ကြောင်း ၊
- ဆေးရုံသို့ရောက်စဉ် လူနာ၏ရောဂါဒဏ်ရာအခြေအနေ
  အကြောင်း ၊
- မည်ကဲ့သို့ ကုသခံရကြောင်း ၊
- မည်ကဲ့သို့ ခွဲစိတ်ကုသခြင်း ခံရကြောင်း ၊
- ခွဲစိတ်ကုသရာတွင် မည်သို့သော ဒဏ်ရာများတွေ့ရှိရ
  ကြောင်း ၊
- ရောဂါအခြေအနေလျော့ပေါ့မှု ၊ တိုးမှုအကြောင်း ၊
- သေတမ်းစစ်ချက် ရ-မရ အကြောင်း ၊
- မည်သည့်နေ့ရက် အချိန်နာရီတွင် သေဆုံးကြောင်း ၊
- တာဝန်ခံဆရာဝန်သည် မည်သူဖြစ်ကြောင်း ၊
- ဆေးရုံတက်စဉ် လူနာဝတ်စားသုံးစွဲလာသော အဝတ်
  အစားနှင့်တကွ အခြားပစ္စည်းပစ္စယကြီးငယ်တို့ကို
  မည်ကဲ့သို့ သိမ်းဆည်း၍ မည်သူ့လက်တွင်အပ်နှံ
  ကြောင်းနှင့်တကွ အခြားထူးခြားသည့် အချက်အလက်
  များပင် ဖြစ်လေသည် ။
        အလောင်းရာဇဝင် ရယူခြင်းအားဖြင့် ရင်မခွဲမီ ရရှိ
ထားသော အချက်အလက်များသည် အလောင်းကို ရင်
ခွဲစစ်ဆေးပြီးသောအခါ တွေ့ရှိရသော အချက်အလက်
များနှင့် အံဝင်ဂွင်ကျ ဖြစ်သည်မဖြစ်သည်ကို ထင်ရှားစေ
နိုင်လေသည် ။        ။

Friday, November 18, 2016

Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
အလောင်းအတည်ပြုခြင်း၏ကွင်းဆက် ။     ။အလောင်း
ကို ဆေးရုံ၌ လက်ခံရရှိချိန်တွင် အလောင်းသည် မည်
သည့်လက်မှရရှိကြောင်း ၊ မည်သူဖြစ်ကြောင်း မှတ်ယူ၍
အလောင်း၏ လက်ကောက်ဝတ်တွင် ထိုရေးမှတ်ချက်
များနှင့်တကွ ၊ အလောင်းနံပါတ်ပြားကိုပါ ကြိုးကွင်းတစ်
ခုဖြင့် ပူးတွဲချည်နှောင် ပိတ်ပစ်ရမည် ။ ထိုနံပါတ်ပြားများ
ရေးမှတ်ရာတွင် အင်္ဂလိပ် -၆- နှင့် -၉- ဂဏန်းများကို လုံး
ဝ မသုံးရချေ ။
         အလောင်းကို ရင်မခွဲမီ၌လည်း အထက်ပါ သတ်
မှတ်ချက်များကို ပြန်လည်စိစစ်ပြီး လက်ခံရရှိသော
အလောင်းသည် မည်သူမည်ဝါဖြစ်ကြောင်း မည်သူ့
လက်မှ မည်သည့်အချိန်တွင် ရရှိကြောင်း ထပ်မံ
အတည်ပြုရန် လိုပေသည် ။ ထိုမျှမက အလောင်းနှင့်
တစ်ပါတည်း ပါရှိသော အခြားသက်သေခံပစ္စည်း ပစ္စယ
များကိုလည်း မည်သူ့လက်မှ ရရှိကြောင်းနှင့် နောက်ဆုံး
မည်သူ့ထံသို့ လွှဲအပ်ကြောင်း တိကျစွာ မှတ်တမ်းတင်ရ
မည် ။ တရားဥပဒေကျင့်ထုံးအရ ,
- မည်သည့်သက်သေခံပစ္စည်း မဆို
- မည်သူ၏ လက်မှ ရရှိ၍
- မည်သူ့ထံ ထပ်မံလွှဲအပ်ကြောင်း စသည်ဖြင့် အဆင့်
ဆင့် ကွင်းဆက် မပြတ်စေဘဲ တိကျစွာ အတည်ပြုရပေ
သည် ။ အကယ်၍ သက်သေခံပစ္စည်း အပေးအယူ
ကွင်းဆက် ပြတ်လပ်ခဲ့သည်ရှိသော် ယင်းသက်သေခံ
ပစ္စည်းမှာ တရားဝင်တော့မည် မဟုတ်ချေ ။

××××××××××××××××××××××××××××××××××××××××

ရင်ခွဲချိန် ။          ။ မည်သည့်နေ့ရက် ၊ မည်သည့်အချိန်
နာရီတွင် စတင်၍ ရင်ခွဲကြောင်း ရှေးဦးစွာ မှတ်တမ်းတင်
ရသည် ။ ဤကဲ့သို့မှတ်တမ်းတင်ခြင်းအားဖြင့်အလောင်း
ကို သေပြီးနောက် မည်မျှအကြာတွင် ရင်ခွဲကြောင်း သိရှိ
နိုင်ပေမည် ။ ထိုသို့ သိရှိနိုင်ခြင်းအားဖြင့် အလောင်းပေါ်
၌ ပေါ်ပေါက်လာသော သက်ပျောက် ရုပ်ပြောင်းမှုများ
( Post-mortem changes ) တို့ကို ထောက်ထားလျက်
သေဆုံးချိန်သည် မည်မျှကြာမြင့်ပြီဖြစ်ကြောင်း ချိန်ဆနိုင်
လေသည် ။ အလောင်းကို ရေခဲတိုက်အတွင်းတွင် ထား
မည်ဆိုလျှင် အလောင်းပေါ်၌ ပေါ်ပေါက်လာမည်ဖြစ်
သော သက်ပျောက်ရုပ်ပြောင်းမှုများ Post-mortem ch-
anges ဖြစ်ပေါ်ချိန် ပြောင်းလဲသွားပေမည် ။ ရေခဲဓါတ်
ကြောင့် အထက်ပါအတိုင်း ပျက်ပြားချက်များ ပေါ်ပေါက်
လာခဲ့ပြီးမှ သေဆုံးချိန်ကို ခန့်မှန်းမည်ဆိုလျှင် မှားယွင်း
သွားပေမည် ။           ။

Thursday, November 17, 2016

Credit : မှုခင်းဆရာဝန်ကြီးဒေါက်တာမောင်မောင်တိတ်
=====================================
ရင်ခွဲအမှတ်စဉ် ။         ။ ရင်ခွဲသည့်အခါတိုင်းအတွက်
ရင်ခွဲအမှတ်စဉ်များ ရေးထိုးလျက် မှတ်တမ်းတင်သွားရန်
လိုသည် ။ တစ်နှစ်ကုန်ဆုံးသော်နောက်တစ်နှစ်အတွက် နံပါတ် ၁ မှ စတင်၍ တစ်ဖန် နှစ်ကုန်ဆုံးသည့်တိုင် အစီ
အစဉ်အတိုင်း နံပါတ်များတင်သွားရန် ဖြစ်သည် ။

************************************************

မည်သူမည်ဝါ၏ အလောင်း ။          ။ ရင်ခွဲခြင်းကိစ္စတွင်
အရေးကြီးဆုံးမှာ - မည်သူမည်ဝါ၏ အလောင်းဖြစ်
ကြောင်းကို ရှေးဦးစွာအတည်ပြုရန်ဖြစ်သည် ။ အများ
အားဖြင့် အလောင်းသည် မည်သူမည်ဝါ ဖြစ်ကြောင်းကို
သေသူ၏ မိဘဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများက
အတည်ပြုလေ့ရှိသည် ။ ထိုအတည်ပြုချက်ကိုပင်
အတည်ပြုသူများ၏ အမည် ၊ လိပ်စာအပြည့်အစုံကို တိ
ကျစွာရယူ၍ မှတ်တမ်းတင်ထားရမည် ။ မှတ်တမ်းတင်
ရာ၌ -
(၁) သေသူ၏ အမည်
(၂) လူမျိုး
(၃) ဘာသာ
(၄) ကျား / မ  
(၅) အသက် တို့ကို ရယူရမည် ။
            ပိုင်ရှင်မဲ့သော အလောင်းများအတွက် နောက်
နောင်တွင်လည်း မည်သူမည်ဝါ ဖြစ်ကြောင်း ခိုင်လုံစွာ
တင်ပြနိုင်ရန် အလောင်း၏ အင်္ဂါရပ်များကို တိကျပြည့်စုံ
စွာ မှတ်သားထားရမည် ။ ဤသို့မှတ်သားရာ၌ သေသူ၏
(၁) လူမျိုး
(၂) ဘာသာ
(၃) ကျား / မ
(၄) အသက်
(၅) အရပ်အမောင်း
(၆) လက်ပုံစံ
(၇) သွားများ၏ ပုံပန်းသဏ္ဌာန်
(၈) ဆံပင်အမျိုးအစား
(၉) အသားအရောင်
(၁၀) မှဲ့ - မွေးရာပါ အမှတ်နှင့်အင်္ဂါချို့တဲ့မှု - အမာရွတ်
(၁၁) ထိုးကွင်း
(၁၂) ကိုယ်၌ပါသော အမှတ်အသား
(၁၃) လက်ဝတ်ပစ္စည်းနှင့်တကွ အခြားပစ္စည်းကြီးငယ်
များ စသည်တို့ကို ပြည့်စုံစွာ ဆေးမှတ်တမ်းတင်ရန် ဖြစ်
သည် ။ အထက်ပါကဲ့သို့သော ပိုင်ရှင်မဲ့ အလောင်းကို ရဲ
အရာရှိတို့က ထပ်လောင်း၍ ဤအလောင်းသည်
မည်သည့်အရပ်မှ မည်သည့်နေ့ ၊ ရက် ၊ အချိန်နာရီတွင်
ရရှိကြောင်း ၊ မည်သည့်အမှုကိစ္စများနှင့် စပ်လျဉ်း
ကြောင်း အတည်ပြုရသည် ။             ။


Tuesday, November 15, 2016

Credit : မှုခင်းဆရာဝန်ကြီးဒေါက်တာမောင်မောင်တိတ်
××××××××××××××××××××××××××××××××××××××××
ရင်ခွဲမှုဆိုင်ရာမှတ်တမ်း ။              ။ ရင်ခွဲမှုများအတွက်
သတ်မှတ်ထားသော မှတ်တမ်းပုံစံများ ရှိပေသည် ။
ယင်းပုံစံများကို အတတ်နိုင်ဆုံး အသုံးပြုဖို့လိုလေသည်။
ထိုပုံစံများ၌ ခွဲစိတ်မှုဆိုင်ရာ အချက်အလက်များကို စနစ်
တကျ မှတ်တမ်းတင်နိုင်ရန် အချို့ကဏ္ဍများ စီစဉ်ပါရှိ
လေသည် ။ ဆေးရုံများ၌ ထိုပုံစံများ မပြတ်မလပ် ထားရှိ
ရန် အထူးလိုအပ်လှ၏ ။ အစဉ်အလာအားဖြင့် ဆရာဝန်
ကြီးဖြစ်သူက ဆေးစစ်ချက်များကို ရယူပြီးလက်ထောက်
ဆရာဝန်က ပုံစံထဲသို့ ချက်ချင်းဖြည့်စွက်ရသည် ။ ဆရာ
ဝန်တစ်ဦးတည်းသာ ရှိပါမူကား စစ်ဆေးမှုရောမှတ်တမ်း
နှစ်ရပ်လုံးကို တစ်ဦးတည်း ဆောင်ရွက်ရမည် ဖြစ်လေ
သည် ။ မှတ်တမ်းတင်ရာတွင် ရှင်းလင်းပီသစွာ ရေးသား
ရန် အထူးလိုအပ်သည့်အပြင် အမှားများကို ပြင်ဆင်ရာ
၌လည်း မိမိ၏ လက်မှတ် ရေးထိုးသွားရန် လိုအပ်ပေ
သည် ။ မှတ်တမ်းတင်ရာ၌လည်း ဆေးစစ်ချက်ပြီးသည်
နှင့် တစ်ပြိုင်နက် ချက်ချင်း မှတ်တမ်းတင်ရန်လိုအပ်
သည် ။ ထိုသို့မဟုတ်က မှားယွင်းမှုများ ၊ မေ့လျော့မှုများ
ပေါ်ပေါက်မည် ဖြစ်ပေ၏ ။ ဆေးစစ်ချက် အစီရင်ခံစာများ
ရယူပြီးသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာဌာနသို့
အမြန်ဆုံးပေးပို့ရန် လိုအပ်ပေသည် ။ မှတ်တမ်းများကို
ကျန်းမာရေးညွှန်ကြားရေးဝန်ရုံးမှ ထုတ်ဝေသောဆေးဌာ
န ပုံစံ ( ဆေး ၂၁ / အပိုင်း ၂ ) များကို အသုံးပြုရန်ဖြစ်ပေ
သည် ။ ထိုဆေးအစီရင်ခံစာများကို မိုး ၊ ရေ ၊ နေ ၊ ခြ -
စသည်တို့မှ ကင်းလွတ်သည့်နေရာတွင် စနစ်တကျသိမ်း
ဆည်းရန် လိုအပ်ပေသည် ။ ပျက်စီးမသွားရန်  အထူး
ထိန်းသိမ်းရမည် ။ အချို့အမှုများကား နှစ်ပေါင်းမြောက်
မြားစွာကြာမှ ပေါ်ပေါက်လာတတ်လေရာ ၊ ဆေးစစ်ချက်
များကို လိုအပ်သော အချိန်တွင် အသင့်ရရှိရန် အရေး
ကြီးသည် ။ ဆေးစစ်ချက်များ ပျောက်ဆုံးသွားပါက ၊
သက်ဆိုင်ရာဆရာဝန်တွင် အထူးတာဝန်ရှိနေပေသည် ။

************************************************

ရင်ခွဲစစ်ဆေးကိရိယာများ ။          ။ ရင်ခွဲခန်း၏ ရေထွက်
ပေါက်များတွင် အရေးကြီးသော ကျည်ဆံကဲ့သို့ သေးနုပ်
သည့်အစအနများ မျောပါမသွားစေရန် သံဇကာဖြင့် သေ
သပ်စွာကာထားရမည် ။ ရင်ခွဲစဉ် စနစ်တကျဖြစ်စေရန်
သက်ဆိုင်ရာပစ္စည်းကိရိယာများအထူးလိုအပ်လေသည်
ပစ္စည်းကိရိယာများနှင့်တကွ ဝမ်းတွင်းမှ အူ ၊ အသည်း ၊
အဆုတ်များ ထားရှိနိုင်လောက်အောင် ကျယ်ဝန်းသော
အမြင့် ၃ ပေခန့်ရှိ စားပွဲတစ်လုံး ထားရှိရမည် ။ စနစ်ကျ
သောရင်ခွဲမှု ပြုလုပ်နိုင်ရန် လိုအပ်သော ပစ္စည်းများမှာ -

(၁) ပေါင်ချိန်စက်တစ်ခု
(၂) ခွဲစိတ်ဓားကြီးငယ်များ
(၃) ကတ်ကြေးမျိုးစုံများ
(၄) ဦးခေါင်းရိုးဖြတ်လွှများ
(၅) အဖျားချွန်ဆောက်
(၆) တူကြီးငယ်
(၇) ဇာဂနာကြီးငယ်
(၈) အရိုးဖြတ်ညှပ်များ
(၉) ဒဏ်ရာလမ်းကြောင်းရှာ သံမဏိချောင်း{probes}တို့
ဖြစ်လေသည် ။ဤပစ္စည်းများကို ရင်ခွဲကိရိယာတစ်စုံ
အဖြစ်ဝယ်ယူရရှိနိုင်လေသည် ။ ဒဏ်ရာဒဏ်ချက်များကို
သေချာစွာမြင်သာနိုင်အောင် ဓါတ်ပုံများဖြင့် မှတ်တမ်း
တင်နိုင်ရန် ကင်မရာ စသည့် ဓါတ်ပုံရိုက်ပစ္စည်းထားရှိပါ
က ပို၍ အကျိုးရှိပေမည် ။         ။



Monday, November 14, 2016

Credit : မှုခင်းဆရာဝန်ကြီးဒေါက်တာမောင်မောင်တိတ်
××××××××××××××××××××××××××××××××××××××××
ရင်ခွဲစစ်ဆေးရမည့်နေရာ ။       ။ ရင်ခွဲစစ်ဆေးမှုကို
အလောင်းရှင်၏နေအိမ် စသည်များတွင် မပြုလုပ်ရချေ ။
ပြုလုပ်ခဲ့သော် ခွဲစိတ်မှုဆိုင်ရာ လိုအပ်ချက်များ ပေါ်
ပေါက်လာတတ်သည်သာမက ၊ အလောင်းနှင့် ပတ်
သက်သော မှုခင်းဆိုင်ရာ အရှုပ်အထွေးများပေါ်ပေါက်
ပြီး ဆရာဝန်တို့၌ တာဝန်ရှိတတ်လေသည် ။ဆေးရုံတိုင်း
တွင် သာမန်အားဖြင့် ရင်ခွဲခန်းများ ရှိကြသည်သာဖြစ်၏။
ရင်ခွဲခန်းများတွင်လည်း လျှပ်စစ်ဓါတ်အား ၊ အလင်း
ရောင် ၊ ရေ ၊ လေကောင်းလေသန့်ရှိမှု ၊ ယင်လုံမှု စသည်
များ ပြည့်စုံကြပေသည် ။ လိုအပ်သောလျှပ်စစ် အလင်း
ရောင်ကို မည်သည့်နည်းနှင့်မျှ မရရှိနိုင်ပါလျှင် နေ့အချိန်
များတွင်သာ ဆောင်ရွက်ရပေမည် ။ ဤကဲ့သို့ပြည့်စုံခြင်း
မရှိခဲ့သည်ပင်ဖြစ်စေ ၊ ရင်ခွဲမှုကိုကား စနစ်တကျ ဆောင်
ရွက်ရမည်သာဖြစ်သည် ။ ဆိုလိုသည်မှာ - ရင်ခွဲမှုဆိုင်ရာ
ဆောင်ရွက်ချက်များကို ပေါ့လျော့စွာ မပြုလုပ်မိစေရန်
ဖြစ်သည် ။
××××××××××××××××××××××××××××××××××××××××

ပြင်ပလူနာများကြည့်ရှုခွင့် ။       ။ရင်ခွဲစစ်ဆေးခြင်းသည်
အရေးကြီးသော သီးသန့်ဆောင်ရွက်မှု တစ်ခုဖြစ်ရာ တာ
ဝန်နှင့် မပတ်သက်သော ပုဂ္ဂိုလ်များကို ရင်ခွဲခန်းအတွင်း
အခွင့်မရှိဘဲ မဝင်စေရပေ ။ ရင်ခွဲစစ်ဆေးခြင်းသည်
ကြည့်ချင်စရာပွဲမျိုး မဟုတ်ချေ ။ သတင်းထောက်များနှင့်
တကွ သတင်းသိလိုသူ စသည်တို့အား သာမန်သတင်း
မှလွဲ၍ ရင်ခွဲခြင်းဆိုင်ရာ အချက်အလက်များကို စည်းမဲ့
ကမါးမဲ့ ပြောဆိုခြင်းမဖြစ်စေရန် ထိန်းသိမ်းဖို့ လိုအပ်
သည် ။ ရင်ခွဲစစ်ဆေးမှုများပြုလုပ်နေစဉ် မှုခင်းနှင့်ပတ်
သက်သော မြန်မာနိုင်ငံရဲအရာရှိများကိုမူကား အမြဲတမ်း
ကြည့်ရှုခွင့်ပေးလေ့ရှိလေသည် ။ ထို့ပြင် တရားခံဘက်မှ
တောင်းဆိုလျှင် ကိုယ်စားလှယ်အနေဖြင့် ဆရာဝန်တစ်
ဦးဦးကို ကြည့်ရှုခွင့်ပြုနိုင်လေသည် ။ တရားဥပဒေဆိုင်
ရာ ရင်ခွဲမှုများကို ပညာဆည်းပူးလိုသော ဆေးကျောင်း
သားများအား ကြည့်ရှုခွင့် ပေးထားလေသည် ။ ထိုအခွင့်
အရေးမျိုးကို အခြားအနောက်တိုင်း တက္ကသိုလ်ကျောင်း
သားများ မရနိုင်ကြပေ ။

Sunday, November 13, 2016

ဥပဒေရေးရာဆေးပညာအရ ရင်ခွဲစစ်ဆေးခြင်း
×××××××××××××××××××××××××××××××××××
ရင်ခွဲစစ်ဆေးခြင်း၏ ရည်ရွယ်ချက် ။        ။ လူသတ်မှု ၊
လူသေမှု ၊ မတော်တဆထိခိုက်မှု ၊ ရုတ်တရက်သေဆုံး
သွားမှု ၊ အစိမ်းသေသေမှု ၊ မသင်္ကာဖွယ် သေဆုံးမှု ၊
အသက်လျော်ကြေးပေးခြင်းဆိုင်ရာ သေဆုံးမှုများ ဖြစ်
ပေါ်လာသောအခါ တရားဥပဒေအရ ရင်ခွဲစစ်ဆေးရန်
လိုအပ်ပေသည် ။ ဤသို့ ရင်ခွဲ ကြည့်ရှုခြင်းဖြင့် ရောဂါ
ကြောင့်သော်လည်းကောင်း ၊ ဒဏ်ရာရ၍သော်လည်း
ကောင်း ၊ သေဆုံးသည်ဟူ၍ အမှန်အတိုင်း သိရှိနိုင်လေ
သည် ။ ဒဏ်ရာကြောင့် သေဆုံးရခြင်းဖြစ်ပါမူ အဘယ်
နည်းကြောင့် ထိခိုက်သေဆုံးရကြောင်း သိနိုင်ပြီး ရောဂါ
ကြောင့် သေဆုံးရခြင်း ဖြစ်လျှင်လည်း အဘယ်ရောဂါ
ကြောင့် မည်သို့မည်ပုံ သေဆုံးရသည် ဟူ၍ တိကျစွာ သိ
ရှိနိုင်မည်ဖြစ်သည် ။ ထိုသို့ သိရှိမှသာလျှင် ယင်းမှုခင်း
ဆိုင်ရာ ဖြစ်ပျက်မှုတို့ကို စီရင်ဆုံးဖြတ်မှု ပေးနိုင်ပေမည် ။
××××××××××××××××××××××××××××××××××××××××
ရင်ခွဲစစ်ဆေးနိုင်ခွင့် ။         ။ အထက်ပါ သေမှုသေခင်း
များ ၊ လူသတ်မှုများ ပေါ်ပေါက်လာပါက ရဲဌာနအနေဖြင့်
ရင်ခွဲစစ်ဆေးရန်လိုအပ်သည်ဟု ယူဆလျှင် ရင်ခွဲစစ်
ဆေးနိုင်ခွင့်နှင့်တကွ အလောင်းကို ဆေးရုံသို့ ပို့ဆောင်
ပေးလေသည် ။ ရောဂါဗေဒဆိုင်ရာ သာမန်စမ်းသပ်မှုများ
အတွက် အလောင်းတစ်ခုကို ရင်ခွဲစစ်ဆေးလိုလျှင်မူ ၊
သက်ဆိုင်ရာဆွေမျိုးမိဘတို့ထံမှ ရင်ခွဲစစ်ဆေးနိုင်ခွင့်ကို
ခံယူရပေသည် ။ မှုခင်းဆိုင်ရာ ရင်ခွဲခြင်းတွင်ကား ထိုသို့
သော အခွင့်တောင်းခံရမှုများ လုံးဝမလိုအပ်ချေ ။သက်
ဆိုင်ရာ ကာယကံရှင်တို့ထံမှ ရင်ခွဲခွင့်မပြုနိုင်ဟူ၍လည်း
လုံးဝမငြင်းဆိုနိုင်ပေ ။ အမှုအခင်းဆိုင်ရာ ရဲဌာနသို့
ရောက်ပြီဆိုလျှင် ရင်ခွဲရန်လိုအပ်ပါက အလောင်းကို
ဆေးရုံသို့ပို့ပြီး ရင်ခွဲရန် တောင်းဆိုရသည်သာ ဖြစ်ပေ
သည် ။ အချို့သေဆုံးမှုများတွင် သေစာရင်းဆိုင်ရာဌာန
မှ ရောဂါအမျိုးအမည် မပေးတတ်ဘဲ ရှိနေလျှင် -
အလောင်းကို ဆေးရုံသို့ ပို့ဆောင်ရပေသည် ။ သို့မှသာ
မည်သည့် ရောဂါဝေဒနာနှင့် သေဆုံးကြောင်း အမှန်အ
တိုင်း သိရှိနိုင်မည် ဖြစ်လေသည် ။ ထိုရင်ခွဲမှုများအတွက်
ရင်ခွဲခွင့်အာဏာကို ရဲဌာနမှရယူ၍သော်လည်းကောင်း ၊
အလောင်းပိုင်ရှင်ထံမှ တိုက်ရိုက်ရယူ၍သော်လည်း
ကောင်း ခွဲစိတ်မှုများကို ဆောင်ရွက်နိုင်သည် ။
             အခြားရင်ခွဲခွင့်တစ်မျိုးလည်း ရှိသေးသည် ။
အချို့ရောဂါသည်များသည် ဆေးရုံသို့ရောက်လာပြီး ၊၂၄
နာရီအတွင်း ရုတ်တရက်သေဆုံးသွားတတ်သည် ။ထို
အခါ သက်ဆိုင်ရာ ဆရာဝန်တို့က ရင်ခွဲမစစ်ဆေးရလျှင်
ရောဂါအမည် မပေးနိုင်သည့်အခါလည်း ရှိတတ်သည် ။
တစ်ခါတစ်ရံ ထိုကဲ့သို့ မြန်ဆန်စွာ သေဆုံးမှုများသည်
ပြစ်မှုနှင့် မကင်းဘဲရှိတတ်ပြန်သည် ။ ထိုကိစ္စမျိုးနှင့် ကြုံ
ကြိုက်လာပါက ရင်ခွဲစစ်ဆေးရန် လိုအပ်ပေသည် ။ရင်ခွဲ
စစ်ဆေးခွင့်မရလျှင် မြှုပ်နှံခွင့်ပေးနိုင်မည် မဟုတ်ချေ ။ထို
အခွင့်အာဏာများ ရှိငြားသော်လည်း ဆရာဝန်များအနေ
ဖြင့် အလောင်းရှင်များကို အတတ်နိုင်ဆုံး ဖျောင်းဖျပြော
ဆိုပြီးမှသာလျှင် ရင်ခွဲမှုကို ဆောင်ရွက်လေ့ရှိပေသည် ။

Credit :မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်

Sunday, November 6, 2016

တရားမျှတမှုရှာဖွေခြင်းအနုပညာ (၁)
===================

တရားမျှတမှုနဲ့ ပက်သက်ရင် ပါမောက္ခ Michael J. Sandal ရဲ့ သင်ခန်းစာတွေထဲက

Moral Side of Murder ဆိုတဲ့အခန်းလေး သွားသတိရမိတယ်။

အဲဒိမှာ ...
ပါမောက္ခက ကျောင်းသားတွေကို ဥာဏ်စမ်းမေးခွန်းလေးတစ်ခုမေးတယ်။
မင်းတို့က ဓာတ်ရထားမောင်းတဲ့ ဒရိုင်ဘာပေါ့ကွာတဲ့
ဓာတ်ရထားက တောင်ကုန်းတစ်ခုကိုဆင်းနေတုန်းမှာ ဘရိတ်ပေါက်သွားတယ်

ရပ်လို့မရတော့ဘူး။
ရထားလမ်းတည့်တည့်မှာ လမ်းလုပ်သား ၅ ယောက် လမ်းပြင်နေတယ်။
မင်းမောင်းလာတဲ့ ရထားနဲ့ တိုက်မိရင် သူတို့အကုန်လုံး သေမှာပဲ။ သူတို့ရှောင်စရာ

နေရာလည်းမရှိဘူး။............
အဲဒိအချိန်ရထားရှေ့မှာ လမ်းခွဲလေး တစ်ခု တွေ့လိုက်တယ်။
အဲဒိလမ်းခွဲထဲမှာ အလုပ်သမားတစ်ယောက် အလုပ်လုပ်နေတယ်။ မင်းဟာ ရထားကို

အဲဒိလမ်းခွဲဘက် ကွေ့ချင်ရင်ကွေ့လိုရသေးတယ်တဲ့ .....
ကွေ့လိုက်ရင် ဒီ တစ်ယောက်တော့ ရထားတိုက်ပြီးသေမှာ၊ ဒါပေမဲ့ ဟို ၅ ယောက်ကတော့ အသက်ချမ်းသာရာ ရလိမ့်မယ်တဲ့။

ပါမောက္ခက ဟုတ်ပါပြီ .....
မင်းတို့ ဘယ်လိုဆုံးဖြတ်မလဲ

လမ်းဖြောင့်ဖြောင့်ပဲသွားပြီး လူ ၅ ယောက်ကို တိုက်သတ်မလား
လမ်းခွဲလေးထဲ ကွေ့ပြီး လူတစ်ယောက်ထဲကိုပဲ တိုက်မလား တဲ့ .......

ကျောင်းသားတွေက ညီညီ ညာညာပဲဖြေတယ်။
တစ်ယောက်ထဲကိုပဲ တိုက်သတ်မှာတဲ့။
ဆရာက ဘာ့ကြောင့် တစ်ယောက်ထဲကို တိုက်သတ်မှာလဲ?
မင်းတို့ရဲ့ရွေးခြယ်မှုကတရားမျှတမှုကော ရှိရဲ့လားဆိုတော့

ကျောင်းသားတွေက
ဆရာကလည်းတဲ့ ....
လူ ၅ ယောက်အသက်ကို ကယ်ဖို့ တစ်ယောက်အသက်နဲ့ စတေးရမှာပေါ့တဲ့ ဒါဟာ

မှန်ကန်တဲ့ ရွေးခြယ်မှုမျိုးလေတဲ့ ......

အဲ့ဒိမှာ ပေါမောက္ခက မင်းတို့ပြောတာမင်းတို့မှတ်ထားနော်တဲ့.....
နောက်မေးခွန်းတစ်ခု မေးမယ်ဆိုပြီး ထပ်မေးတယ်။

ဒီမေးခွန်းမှာ မင်းတို့ဟာ ဓာတ်ရထားမောင်းတဲ့လူ မဟုတ်တော့ဘူးတဲ့
ခွဲစိတ်ဆရာဝန်ဖြစ်သွားပြီတဲ့

မင်းဆီမှာ အသည်းအသန်ဖြစ်နေတဲ့ လူနာ ၅ ယောက်ရှိတယ်တဲ့ တစ်ယောက်ကအသည်းလိုတယ်၊ နောက်တစ်ယောကက် ကျောက်ကပ်၊ နောက်တစ်ယောက်က နှလုံး၊ နောက်တစ်ယောက်က ပန်ကရိယ၊ စသည်ဖြင့်ပေါ့ကွာ အဲ့ဒါတွေ ကိုလည်းအစားထိုးဖို့ ရှာမရဘူး၊ အစားမထိုးနိုင်ရင် သူတို့သေတော့မှာ .....

အဲ့ဒိအချိန် မင်းတို့ဆီကို ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့ လူကောင်းတစ်ယောက် ရောက်လာတယ်တဲ့ .....

မင်းတို့အဲဒိ လူကောင်းကို မေ့ဆေးပေးပြီး သူ့ဆီက အသည်း၊ ကျောက်ကပ်၊ နှလုံး၊ ပန်ကရိယတွေထုတ် ....
ဟိုလူ ၅ ယောက်ကို အစားထိုးကုပေးမလားတဲ့ ?

ကျောင်းသားတွေက .....
ဟာ ... ဆရာကလည်းတဲ့ ....
ဒီလိုတော့ ဘယ်လိုလုပ်ဖို့ သင့်လျှော်ပါ့မလဲတဲ့ .....

ပါမောက္ခက .....
မင်းတို့ခဏက ပြောတုန်းကတော့ လူ ငါးယောက်အသက် ကယ်ဖို့အတွက် လူ တစ်ယောက်ကို စတေးရတာ တရားတယ်ဆို ...
အခုတော့ ဘယ်လို ဖြစ်သွားတာလဲ ... ဆိုတော့ ...

ကျောင်းသားတွေ မဖြေတတ်တော့ပါဘူး။
--------------------------

လောကကြီးဟာ ဒီလိုပါပဲ ....
အချို့သောကိစ္စရပ်တွေမှာ အများရဲ့ အကျိုးကိုရှေးရှုပြီး လုပ်ဆောင်လို့ရနိုင်ပေမဲ့.....


အချို့သော ကိစ္စရပ်များကျတော့ ..... အများအကျိုးရှိမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးကို ထိပါးလို့မရနိုင်ပါဘူး ....

ဒီမိုကရေစီစနစ်နဲ့ တည်ဆောင်ထားတဲ့ နိုင်ငံတိုင်းမှာလည်း
လူများစုရဲ့ ဆန္ဒကို အကောင်အထည်ဖေါ်တဲ့အပိုင်းနဲ့ ....... လူနည်းစုရဲ့ (သို့မဟုတ်)

လူတစ်ဦးချင်းစီရင် ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို ကာကွယ်တဲ့အပိုင်းတွေဟာ ဟန်ချက်ညီညီ ရှိနေဖို့လိုပါတယ်။

အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး မဏ္ဌိုင်တွေဟာ ခုဏက ဥာဏ်စမ်းထဲမှာပါတဲ့
ဓာတ်ရထားမောင်းသမားလို ဆောင်ရွက်ကြရပြီး

တရားစီရင်ရေးမဏ္ဌိုင်ဖြစ်တဲ့ တရားရုံးတွေနဲ့ တရားသူကြီးတွေကတော့
ခွဲစိတ်ဆရာဝန်လို ပဲကျင့်ရပါတယ်။

ဥာဏ်စမ်းထဲမှာပါတဲ့ ဓာတ်ရထားမောင်းသမားနဲ့ ဆရာဝန်ရဲ့ ဥပမာကတော့ တော်တော်လေး ရှင်းလင်းတဲ့ ဥပမာပါ။

သို့သော်လည်း လက်တွေ့ဘဝမှာတော့
တစ်ချို့ကိစ္စရပ်တွေဟာ အဲဒိလောက် ရှင်းလင်းပြတ်သားမှုမရှိကြပြန်ဘူး။ ....

ဥပမာထဲမှာပါတဲ့ ......
ခွဲစိတ်ဆရာဝန်လိုကျင့်နေရတဲ့ တရားသူကြီးတွေကို လူနာတစ်ယောက်ကို သတ်ပြီး လူနာ ၅ ယောက်ကယ်ခိုင်းစေချင်ကြတယ်။

ဒါပေမဲ့ .................
ဒါပေမဲ့ ပါပဲ။

credit: ဆရာဇေယျာအေးချို
Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
---------------------------------------------------------------------------
             " မိန်းမက အလိုမတူ  ငြင်းဆန်ခြင်း "
        =============================

        ယေဘုယျအားဖြင့် မိန်းမတစ်ဦးအား ၄င်းက အလို
မတူဘဲနှင့် ကာမစပ်ယှက်ခြင်း ထမြောက်ရန် မလွယ်ကူ ချေ ။ သာမန်အင်အားရှိသည့် မိန်းမတစ်ဦးက အလိုမတူ
၍ စိတ်ရောကိုယ်ပါ ငြင်းဆန်ပါမူ ကာမစပ်ယှက်ခြင်း ထ
မြောက်ရန် မဖြစ်နိုင်ချေ ။ သို့ရာတွင် ၄င်း၏ အလိုအတူ
ငြင်းဆန်သော စိတ်ဓာတ်နှင့် ငြင်းဆန်နိုင်သော တော်
လှန်မှုကို နာကျင်စေမှုဖြင့်သော်လည်းကောင်း ၊
ကြောက်ရွံ့အောင် ခြိမ်းခြောက်ခြင်းဖြင့်သော်လည်း
ကောင်း ၊ မေ့မြောအောင်ပြုခြင်းဖြင့်သော်လည်းကောင်း၊
မိန်းမအား ကာမစပ်ယှက်ပြုကျင့်နိုင်ပေမည် ။
        မိန်းမသည် မုဒိမ်းကျင့်ခံရခြင်းမှ ကာကွယ်ရန် မိမိ
ကိုယ်ကိုယ်တွင် တာဝန်ရှိလေသည် ။ ငြင်းဆန်ရာ၌
လည်း မိမိတွင်စွမ်းအားရှိသရွေ့ အစွမ်းကုန်ခုခံပြီး
နောက်ဆုံး လက်လျှော့ရမည့်အခြေအနေ ဆိုက်ရောက်
သည့်တိုင်အောင် ငြင်းဆန်တော်လှန်ရပေမည် ။ ငြင်း
ဆန်ခြင်းပြုရာ၌ စိတ်မပါ့တပါ ပေါ့လျော့စွာ ကာကွယ်
လျှင်သော်လည်းကောင်း ၊ တော်လှန်ရင်သော်လည်း
ကောင်း ၊ ပြုလျှင် ၄င်းမိန်းမက (ဥပဒေသဘောတရား
အားဖြင့် ) "အလိုမတူငြင်းဆန်ခြင်း "ကင်းမဲ့သည်ဟု ယူ
ဆပေလိမ့်မည် ။
           ပြစ်မှုပုဒ်မ ၁၀၀ အရ မိန်းမတစ်ဦးသည် ၄င်းအား
မုဒိမ်းကျင့်ခံရမည့် အန္တရာယ်သို့ ဆိုက်ရောက်လျှင် မုဒိမ်း
ပြုကျင့်သူအား သေစေရန်သော်လည်းကောင်း ၊ အခြား
ဘေးအန္တရာယ် တစ်ခုခုဖြစ်စေရန်သော်လည်းကောင်း ၊
ပြုလုပ်နိုင်ခွင့်ရှိပေသည် ။ သို့ဖြစ်ရာ မိန်းမတစ်ဦးသည်
မုဒိမ်းကျင့်ခံရမည့် အန္တရာယ်အတွင်းသို့ ဆိုက်ရောက် လျှင် အထက်တွင်ဖော်ပြထားသည့် ရာဇသတ် ၁၀၀ ၏
ပြုပိုင်ခွင့်ကို အသုံးပြုရန်သာဖြစ်သည် ။
         အလိုမတူငြင်းဆန်သော်လည်း မတတ်သာ၍
မုဒိမ်းကျင့်ခံရလျှင်လည်း အခွင့်သာသည်နှင့်တပြိုင်နက်
ကျင့်ခံရသူသည် သက်ဆိုင်ရာအာဏာပိုင်များ သို့တည်း
မဟုတ် နီးစပ်သူတစ်ဦးတစ်ယောက်အား တိုင်တန်းရန်
ဖြစ်သည် ။ ဤကဲ့သို့တိုင်တန်းမှု ပြုလုပ်ခြင်းသည် ကား
" အလိုမတူငြင်းဆန်ခြင်း " ပြုသည့် အထောက်အထား
သက်သေတစ်ရပ်ပင် ဖြစ်သည် ။
        ထို့အပြင် မုဒိမ်းကျင့်ခံရစဉ် တတ်နိုင်သရွေ့ ကျ
ရောက်နေသော မုဒိမ်းအန္တရာယ်မှ ကင်းလွတ်စေရန်
အော်ဟစ်ခြင်း နှင့် အခြား အကူအညီတောင်းရာရောက်
သည့် အပြုအမူများကို ပြုလုပ်ခြင်းသည်လည်း " အလို
မတူငြင်းဆန်ခြင်း "သဘောရှိကြောင်း သက်ရောက်ပေ
သည် ။         ။