Thursday, November 17, 2016

Credit : မှုခင်းဆရာဝန်ကြီးဒေါက်တာမောင်မောင်တိတ်
=====================================
ရင်ခွဲအမှတ်စဉ် ။         ။ ရင်ခွဲသည့်အခါတိုင်းအတွက်
ရင်ခွဲအမှတ်စဉ်များ ရေးထိုးလျက် မှတ်တမ်းတင်သွားရန်
လိုသည် ။ တစ်နှစ်ကုန်ဆုံးသော်နောက်တစ်နှစ်အတွက် နံပါတ် ၁ မှ စတင်၍ တစ်ဖန် နှစ်ကုန်ဆုံးသည့်တိုင် အစီ
အစဉ်အတိုင်း နံပါတ်များတင်သွားရန် ဖြစ်သည် ။

************************************************

မည်သူမည်ဝါ၏ အလောင်း ။          ။ ရင်ခွဲခြင်းကိစ္စတွင်
အရေးကြီးဆုံးမှာ - မည်သူမည်ဝါ၏ အလောင်းဖြစ်
ကြောင်းကို ရှေးဦးစွာအတည်ပြုရန်ဖြစ်သည် ။ အများ
အားဖြင့် အလောင်းသည် မည်သူမည်ဝါ ဖြစ်ကြောင်းကို
သေသူ၏ မိဘဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများက
အတည်ပြုလေ့ရှိသည် ။ ထိုအတည်ပြုချက်ကိုပင်
အတည်ပြုသူများ၏ အမည် ၊ လိပ်စာအပြည့်အစုံကို တိ
ကျစွာရယူ၍ မှတ်တမ်းတင်ထားရမည် ။ မှတ်တမ်းတင်
ရာ၌ -
(၁) သေသူ၏ အမည်
(၂) လူမျိုး
(၃) ဘာသာ
(၄) ကျား / မ  
(၅) အသက် တို့ကို ရယူရမည် ။
            ပိုင်ရှင်မဲ့သော အလောင်းများအတွက် နောက်
နောင်တွင်လည်း မည်သူမည်ဝါ ဖြစ်ကြောင်း ခိုင်လုံစွာ
တင်ပြနိုင်ရန် အလောင်း၏ အင်္ဂါရပ်များကို တိကျပြည့်စုံ
စွာ မှတ်သားထားရမည် ။ ဤသို့မှတ်သားရာ၌ သေသူ၏
(၁) လူမျိုး
(၂) ဘာသာ
(၃) ကျား / မ
(၄) အသက်
(၅) အရပ်အမောင်း
(၆) လက်ပုံစံ
(၇) သွားများ၏ ပုံပန်းသဏ္ဌာန်
(၈) ဆံပင်အမျိုးအစား
(၉) အသားအရောင်
(၁၀) မှဲ့ - မွေးရာပါ အမှတ်နှင့်အင်္ဂါချို့တဲ့မှု - အမာရွတ်
(၁၁) ထိုးကွင်း
(၁၂) ကိုယ်၌ပါသော အမှတ်အသား
(၁၃) လက်ဝတ်ပစ္စည်းနှင့်တကွ အခြားပစ္စည်းကြီးငယ်
များ စသည်တို့ကို ပြည့်စုံစွာ ဆေးမှတ်တမ်းတင်ရန် ဖြစ်
သည် ။ အထက်ပါကဲ့သို့သော ပိုင်ရှင်မဲ့ အလောင်းကို ရဲ
အရာရှိတို့က ထပ်လောင်း၍ ဤအလောင်းသည်
မည်သည့်အရပ်မှ မည်သည့်နေ့ ၊ ရက် ၊ အချိန်နာရီတွင်
ရရှိကြောင်း ၊ မည်သည့်အမှုကိစ္စများနှင့် စပ်လျဉ်း
ကြောင်း အတည်ပြုရသည် ။             ။


No comments:

Post a Comment