Tuesday, June 7, 2016

၁၉၃ လျှောက်မယ် တကဲကဲဖြစ်နေသူများအတွက်

------------------------------------------------
*ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၉၃ ။            ။


တရားစီရင်သော မှုခင်းကိစ္စတွင် မည်သူမဆို ၊ မည်သည့်အဆင့်၌ဖြစ်စေ၊ တမင်မမှန်သက်သေခံလျှင် သို့တည်းမဟုတ် မည်သည့်အဆင့်၌ဖြစ်စေ ၊ သက်သေခံအဖြစ်အသုံးပြုရန် မမှန်သက်သေခံကို တမင်ဖန်တီးလျှင် ၊ ထိုသူကိုခုနှစ်နှစ်ထိထောင်ဒဏ် တစ်မျိုးမျိုးချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည် ။



        ထို့ပြင် အခြားမှုခင်းကိစ္စတွင် တမင်မမှန်သက်သေခံလျှင် ၊ သို့တည်းမဟုတ် မမှန်သက်သေခံကို တမင်ဖန်တီးလျှင် ထိုသူကို ၃နှစ်ထိထောင်ဒဏ်တစ်မျိုးမျိုးချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည် ။

Explanation 1. ။ ။ စစ်တရားရုံးတွင် စစ်ဆေးစီရင်သော မှုခင်းကိစ္စသည် တရားစီရင်သောမှုခင်း ကိစ္စ မည်၏ ။

Explanation 2. ။ ။ တရားရုံးတွင် အမှုစစ်ဆေးစီရင်ခြင်းမပြုမီ ၊ ဥပဒေညွှန်ကြားချက်အရ ကြိုတင်မေးမြန်းစုံထောက်ခြင်းသည် တရားရုံး၌ မေးမြန်းစုံထောက်မှု ပြုခြင်း မဟုတ်သော်လည်း ၊ တရားစီရင်သော မှုခင်းကိစ္စ၏ အဆင့်တစ်ဆင့်ဖြစ်သည် ။

Explanation 3. ။ ။ ဥပဒေအရ တရားရုံးကညွှန်ကြား၍တရားရုံးအမိန့်အရဆောင်ရွက်သော မေးမြန်းစုံထောက်ခြင်းသည် တရားရုံး၌ မေးမြန်းစုံထောက်ခြင်းမဟုတ်သော်လည်း တရားစီရင်သောမှုခင်းကိစ္စ၏ အဆင့်တစ်ဆင့်ဖြစ်သည် ။

မမှန်သက်သေခံခြင်းကျူးလွန်မှု (၂)မျိုးဖြစ်နိုင်ပါသည် ။
(က) တရားရုံးကြိုတင်ထွက်ဆိုချက်နှင့်ရုံးရှေ့ထွက်ဆိုချက်ကွဲလွဲမှုရှိခြင်း
(ခ) သက်သေ၏ အဓိကစစ်ချက်နှင့် ပြန်လှန်စစ်မေးရာတွင် ထွက်ဆိုချက်များကွဲလွဲခြင်း တို့ဖြစ်သည် ။



သက်သေခံအက်ဥပဒေပုဒ်မ ၁၄၅ အရ


-သက်သေတစ်ယောက်သည် တရားရုံးတွင်ကြိုတင်ထွက်ချက်ပေးထားပါက အဆိုပါသက်သေသည် ယင်းကြိုတင်ထွက်ချက်ပေးသည့်အမှုနှင့် ပက်သက်၍တရားရုံးတွင် သက်သေခံပါလျှင် အဓိကအချက်များ
တွင်ကြိုတင်ထွက်ချက်ပါအချက်များနှင့် ကွဲလွဲထွက်ဆိုမှုရှိနိုင်ပါသည် ။ ထိုသို့ကွဲလွဲထွက်ဆိုပါက အမှုလိုက်   ဥပဒေအရာရှိက ကြိုတင်ထွက်ချက်ပါအချက်များနှင့် တိုက်ဆိုင်စစ်မေးနိုင်ပါသည် ။


(ခ) အဓိကစစ်မေးစဉ် ထွက်ချက်နှင့် ပြန်လှန်စစ်မေးရာတွင်ထွက်ချက်များကွဲလွဲခြင်း
-သက်သေသည် အဓိကစစ်မေးစဉ်ထွက်ချက်နှင့်ပြန်လှန်စစ်မေးရာတွင်ထွက်ချက်များ "သိသိသာသာ "ကွဲလွဲပြီး ထပ်မံစစ်ဆေးရာတွင် ပြန်လည်တည့်မတ်ခြင်းမရှိပါက ယင်းသက်သေအား မမှန်သက်သေခံမှုဖြင့် တရားစွဲဆိုရန် အမှုလိုက် ဥပဒေအရာရှိက တရားရုံးသို့လျှောက်ထားနိုင်ပါသည် ။                ။





3 comments: