၁ ။ ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့
ကျန်းမာရေးဆိုင်ရာဥပဒေ
====================================
ပုဒ်မ ၉(၄) ။ ။ ဤပုဒ်မအရ ထောင်ဒဏ်(၃)နှစ်နှင့်
(၃)နှစ်အထက် စီရင်ထိုက်သည့် ပြစ်မှုတစ်စုံတစ်ရာကို ဤကိစ္စအလို့ငှာ အစိုးရက လုပ်ပိုင်ခွင့်လွှဲအပ်ထားသူ သို့မဟုတ် အဖွဲ့အစည်း၏ အခွင့်အမိန့် မရရှိဘဲ မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုခြင်း မပြုရ ။
၂ ။ ၁၉၇၇ခုနှစ်၊ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုံများ ဥပဒေ
=====================================
ပုဒ်မ ၂၃ ။ ။ ဝန်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုမိန့်မရဘဲ
ဤဥပဒေအရ တရားစွဲဆိုခြင်း မပြုရ ။
၃ ။ ၁၉၈၃ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲ
ပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ
=====================================
ပုဒ်မ ၁၇ ။ ။ ဤဥပဒေအရ ကျူးလွန်သော ပြစ်မှု
များနှင့်စပ်လျဉ်း၍ တရားစွဲဆိုရာ၌ သက်ဆိုင်ရာဝန်ကြီးဋ္ဌာန၏ ကြိုတင်ခွင့်ပြုမိန့်ကို ရယူရ မည် ။
၎ ။ ၁၉၈၉ခုနှစ်၊ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ
=====================================ပုဒ်မ ၅၅(က) ။ ။ ပုဒ်မ ၄၃ အရ ပြည်သူ့ဝန်ထမ်း
တစ်ဦးဦးကို အရေးယူရန်လိုအပ် လျှင် ဝန်ကြီးဋ္ဌာန၏ ကြိုတင်ခွင့်ပြုမိန့်ဖြင့်သာ တရားစွဲ
ဆိုခြင်း ပြုရမည် ။
၅ ။ ၁၉၉၀ပြည့်နှစ် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ
====================================
ပုဒ်မ ၅၉(က) ။ ။ ပုဒ်မ ၄၉အရ ပြည်သူ့ဝန်ထမ်း
တစ်ဦးဦးကို အရေးယူရန်လိုအပ် လျှင် ဝန်ကြီးဋ္ဌာန၏ ကြိုတင်ခွင့်ပြုမိန့်ဖြင့်သာ တရားစွဲဆို ခြင်း ပြုရမည် ။
၆ ။ ၁၉၉၀ပြည့်နှစ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ
=====================================
ပုဒ်မ ၉၃ ။ ။ ပုဒ်မ ၈၇ သို့မဟုတ် ပုဒ်မ ၈၈ အရ
တရားစွဲဆိုရာတွင် ဗဟိုဘဏ်၏ ကြိုတင် ခွင့်ပြုချက် ရယူရမည် ။
၇ ။ ၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါးဥပဒေ
=============================
ပုဒ်မ ၂၆ ။ ။ ဤဥပဒေအရ တရားစွဲဆိုရာတွင်
ကျန်းမာရေးဝန်ကြီးဋ္ဌာန သို့မဟုတ် ဤ
ကိစ္စအလို့ငှာ လုပ်ပိုင်ခွင့် လွှဲအပ်ခြင်း ခံရသည့် အဖွဲ့အ စည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ကြိုတင်ခွင့်ပြုချက် ယူရမည် ။
၈ ။ ၂၀၀၀ပြည့်နှစ်၊ တိုင်းရင်းဆေးကောင်စီဥပဒေ
===================================
ပုဒ်မ ၂၈ ။ ။ ဤဥပဒေအရ ပြစ်မှုကျူးလွန်သူကို
တရားစွဲဆိုရာတွင် တိုင်းရင်း
ဆေးပညာဦးစီးဋ္ဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည် ။
၉ ။ ၂၀၀၂ခုနှစ်၊ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့်
ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေ
=====================================
ပုဒ်မ ၄၀ ။ ။ ဤဥပဒေအရ ပြစ်မှုဖြင့် တရားစွဲရာတွင်
ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ကြိုတင်ခွင့်ပြု ချက်ရယူရမည် ။
၁၀ ။ ၂၀၀၃ခုနှစ်၊ သွေးနှင့်သွေးပစ္စည်းဆိုင်ရာဥပဒေ
=====================================
ပုဒ်မ ၂၆ ။ ။ ဤဥပဒေအရတရားစွဲဆိုရာတွင်
ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ ကြိုတင် ခွင့်ပြုမိန့်ကို ရယူရမည် ။
၁၁ ။ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက် ဥပဒေ
====================================
ပုဒ်မ ၇ ။ ။ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်ကို
ဖောက်ဖျက်၍ ကျူးလွန်သူအား နိုင်ငံတော် သမ္မတ၏ သဘောတူခွင့်ပြုမိန့်မရရှိဘဲ မည်သည့်တရား ရုံးကမျှ စစ်ဆေးစီရင်ခြင်းမပြုရ ဟု ပြဋ္ဌာန်းထားပါသည်။
(ခွင့်ပြုမိန့် Sanction နှင့် စပ်ဆိုင်သမျှ )
No comments:
Post a Comment