Credit : မှုခင်းဆရာဝန်ကြီးဒေါက်တာမောင်မောင်တိတ်
××××××××××××××××××××××××××××××××××××××××
ရင်ခွဲစစ်ဆေးရမည့်နေရာ ။ ။ ရင်ခွဲစစ်ဆေးမှုကို
အလောင်းရှင်၏နေအိမ် စသည်များတွင် မပြုလုပ်ရချေ ။
ပြုလုပ်ခဲ့သော် ခွဲစိတ်မှုဆိုင်ရာ လိုအပ်ချက်များ ပေါ်
ပေါက်လာတတ်သည်သာမက ၊ အလောင်းနှင့် ပတ်
သက်သော မှုခင်းဆိုင်ရာ အရှုပ်အထွေးများပေါ်ပေါက်
ပြီး ဆရာဝန်တို့၌ တာဝန်ရှိတတ်လေသည် ။ဆေးရုံတိုင်း
တွင် သာမန်အားဖြင့် ရင်ခွဲခန်းများ ရှိကြသည်သာဖြစ်၏။
ရင်ခွဲခန်းများတွင်လည်း လျှပ်စစ်ဓါတ်အား ၊ အလင်း
ရောင် ၊ ရေ ၊ လေကောင်းလေသန့်ရှိမှု ၊ ယင်လုံမှု စသည်
များ ပြည့်စုံကြပေသည် ။ လိုအပ်သောလျှပ်စစ် အလင်း
ရောင်ကို မည်သည့်နည်းနှင့်မျှ မရရှိနိုင်ပါလျှင် နေ့အချိန်
များတွင်သာ ဆောင်ရွက်ရပေမည် ။ ဤကဲ့သို့ပြည့်စုံခြင်း
မရှိခဲ့သည်ပင်ဖြစ်စေ ၊ ရင်ခွဲမှုကိုကား စနစ်တကျ ဆောင်
ရွက်ရမည်သာဖြစ်သည် ။ ဆိုလိုသည်မှာ - ရင်ခွဲမှုဆိုင်ရာ
ဆောင်ရွက်ချက်များကို ပေါ့လျော့စွာ မပြုလုပ်မိစေရန်
ဖြစ်သည် ။
××××××××××××××××××××××××××××××××××××××××
ပြင်ပလူနာများကြည့်ရှုခွင့် ။ ။ရင်ခွဲစစ်ဆေးခြင်းသည်
အရေးကြီးသော သီးသန့်ဆောင်ရွက်မှု တစ်ခုဖြစ်ရာ တာ
ဝန်နှင့် မပတ်သက်သော ပုဂ္ဂိုလ်များကို ရင်ခွဲခန်းအတွင်း
အခွင့်မရှိဘဲ မဝင်စေရပေ ။ ရင်ခွဲစစ်ဆေးခြင်းသည်
ကြည့်ချင်စရာပွဲမျိုး မဟုတ်ချေ ။ သတင်းထောက်များနှင့်
တကွ သတင်းသိလိုသူ စသည်တို့အား သာမန်သတင်း
မှလွဲ၍ ရင်ခွဲခြင်းဆိုင်ရာ အချက်အလက်များကို စည်းမဲ့
ကမါးမဲ့ ပြောဆိုခြင်းမဖြစ်စေရန် ထိန်းသိမ်းဖို့ လိုအပ်
သည် ။ ရင်ခွဲစစ်ဆေးမှုများပြုလုပ်နေစဉ် မှုခင်းနှင့်ပတ်
သက်သော မြန်မာနိုင်ငံရဲအရာရှိများကိုမူကား အမြဲတမ်း
ကြည့်ရှုခွင့်ပေးလေ့ရှိလေသည် ။ ထို့ပြင် တရားခံဘက်မှ
တောင်းဆိုလျှင် ကိုယ်စားလှယ်အနေဖြင့် ဆရာဝန်တစ်
ဦးဦးကို ကြည့်ရှုခွင့်ပြုနိုင်လေသည် ။ တရားဥပဒေဆိုင်
ရာ ရင်ခွဲမှုများကို ပညာဆည်းပူးလိုသော ဆေးကျောင်း
သားများအား ကြည့်ရှုခွင့် ပေးထားလေသည် ။ ထိုအခွင့်
အရေးမျိုးကို အခြားအနောက်တိုင်း တက္ကသိုလ်ကျောင်း
သားများ မရနိုင်ကြပေ ။
Monday, November 14, 2016
Sunday, November 13, 2016
ဥပဒေရေးရာဆေးပညာအရ ရင်ခွဲစစ်ဆေးခြင်း
×××××××××××××××××××××××××××××××××××
ရင်ခွဲစစ်ဆေးခြင်း၏ ရည်ရွယ်ချက် ။ ။ လူသတ်မှု ၊
လူသေမှု ၊ မတော်တဆထိခိုက်မှု ၊ ရုတ်တရက်သေဆုံး
သွားမှု ၊ အစိမ်းသေသေမှု ၊ မသင်္ကာဖွယ် သေဆုံးမှု ၊
အသက်လျော်ကြေးပေးခြင်းဆိုင်ရာ သေဆုံးမှုများ ဖြစ်
ပေါ်လာသောအခါ တရားဥပဒေအရ ရင်ခွဲစစ်ဆေးရန်
လိုအပ်ပေသည် ။ ဤသို့ ရင်ခွဲ ကြည့်ရှုခြင်းဖြင့် ရောဂါ
ကြောင့်သော်လည်းကောင်း ၊ ဒဏ်ရာရ၍သော်လည်း
ကောင်း ၊ သေဆုံးသည်ဟူ၍ အမှန်အတိုင်း သိရှိနိုင်လေ
သည် ။ ဒဏ်ရာကြောင့် သေဆုံးရခြင်းဖြစ်ပါမူ အဘယ်
နည်းကြောင့် ထိခိုက်သေဆုံးရကြောင်း သိနိုင်ပြီး ရောဂါ
ကြောင့် သေဆုံးရခြင်း ဖြစ်လျှင်လည်း အဘယ်ရောဂါ
ကြောင့် မည်သို့မည်ပုံ သေဆုံးရသည် ဟူ၍ တိကျစွာ သိ
ရှိနိုင်မည်ဖြစ်သည် ။ ထိုသို့ သိရှိမှသာလျှင် ယင်းမှုခင်း
ဆိုင်ရာ ဖြစ်ပျက်မှုတို့ကို စီရင်ဆုံးဖြတ်မှု ပေးနိုင်ပေမည် ။
××××××××××××××××××××××××××××××××××××××××
ရင်ခွဲစစ်ဆေးနိုင်ခွင့် ။ ။ အထက်ပါ သေမှုသေခင်း
များ ၊ လူသတ်မှုများ ပေါ်ပေါက်လာပါက ရဲဌာနအနေဖြင့်
ရင်ခွဲစစ်ဆေးရန်လိုအပ်သည်ဟု ယူဆလျှင် ရင်ခွဲစစ်
ဆေးနိုင်ခွင့်နှင့်တကွ အလောင်းကို ဆေးရုံသို့ ပို့ဆောင်
ပေးလေသည် ။ ရောဂါဗေဒဆိုင်ရာ သာမန်စမ်းသပ်မှုများ
အတွက် အလောင်းတစ်ခုကို ရင်ခွဲစစ်ဆေးလိုလျှင်မူ ၊
သက်ဆိုင်ရာဆွေမျိုးမိဘတို့ထံမှ ရင်ခွဲစစ်ဆေးနိုင်ခွင့်ကို
ခံယူရပေသည် ။ မှုခင်းဆိုင်ရာ ရင်ခွဲခြင်းတွင်ကား ထိုသို့
သော အခွင့်တောင်းခံရမှုများ လုံးဝမလိုအပ်ချေ ။သက်
ဆိုင်ရာ ကာယကံရှင်တို့ထံမှ ရင်ခွဲခွင့်မပြုနိုင်ဟူ၍လည်း
လုံးဝမငြင်းဆိုနိုင်ပေ ။ အမှုအခင်းဆိုင်ရာ ရဲဌာနသို့
ရောက်ပြီဆိုလျှင် ရင်ခွဲရန်လိုအပ်ပါက အလောင်းကို
ဆေးရုံသို့ပို့ပြီး ရင်ခွဲရန် တောင်းဆိုရသည်သာ ဖြစ်ပေ
သည် ။ အချို့သေဆုံးမှုများတွင် သေစာရင်းဆိုင်ရာဌာန
မှ ရောဂါအမျိုးအမည် မပေးတတ်ဘဲ ရှိနေလျှင် -
အလောင်းကို ဆေးရုံသို့ ပို့ဆောင်ရပေသည် ။ သို့မှသာ
မည်သည့် ရောဂါဝေဒနာနှင့် သေဆုံးကြောင်း အမှန်အ
တိုင်း သိရှိနိုင်မည် ဖြစ်လေသည် ။ ထိုရင်ခွဲမှုများအတွက်
ရင်ခွဲခွင့်အာဏာကို ရဲဌာနမှရယူ၍သော်လည်းကောင်း ၊
အလောင်းပိုင်ရှင်ထံမှ တိုက်ရိုက်ရယူ၍သော်လည်း
ကောင်း ခွဲစိတ်မှုများကို ဆောင်ရွက်နိုင်သည် ။
အခြားရင်ခွဲခွင့်တစ်မျိုးလည်း ရှိသေးသည် ။
အချို့ရောဂါသည်များသည် ဆေးရုံသို့ရောက်လာပြီး ၊၂၄
နာရီအတွင်း ရုတ်တရက်သေဆုံးသွားတတ်သည် ။ထို
အခါ သက်ဆိုင်ရာ ဆရာဝန်တို့က ရင်ခွဲမစစ်ဆေးရလျှင်
ရောဂါအမည် မပေးနိုင်သည့်အခါလည်း ရှိတတ်သည် ။
တစ်ခါတစ်ရံ ထိုကဲ့သို့ မြန်ဆန်စွာ သေဆုံးမှုများသည်
ပြစ်မှုနှင့် မကင်းဘဲရှိတတ်ပြန်သည် ။ ထိုကိစ္စမျိုးနှင့် ကြုံ
ကြိုက်လာပါက ရင်ခွဲစစ်ဆေးရန် လိုအပ်ပေသည် ။ရင်ခွဲ
စစ်ဆေးခွင့်မရလျှင် မြှုပ်နှံခွင့်ပေးနိုင်မည် မဟုတ်ချေ ။ထို
အခွင့်အာဏာများ ရှိငြားသော်လည်း ဆရာဝန်များအနေ
ဖြင့် အလောင်းရှင်များကို အတတ်နိုင်ဆုံး ဖျောင်းဖျပြော
ဆိုပြီးမှသာလျှင် ရင်ခွဲမှုကို ဆောင်ရွက်လေ့ရှိပေသည် ။
Credit :မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်

Sunday, November 6, 2016
တရားမျှတမှုရှာဖွေခြင်းအနုပညာ (၁)
===================
တရားမျှတမှုနဲ့ ပက်သက်ရင် ပါမောက္ခ Michael J. Sandal ရဲ့ သင်ခန်းစာတွေထဲက
Moral Side of Murder ဆိုတဲ့အခန်းလေး သွားသတိရမိတယ်။
အဲဒိမှာ ...
ပါမောက္ခက ကျောင်းသားတွေကို ဥာဏ်စမ်းမေးခွန်းလေးတစ်ခုမေးတယ်။
မင်းတို့က ဓာတ်ရထားမောင်းတဲ့ ဒရိုင်ဘာပေါ့ကွာတဲ့
ဓာတ်ရထားက တောင်ကုန်းတစ်ခုကိုဆင်းနေတုန်းမှာ ဘရိတ်ပေါက်သွားတယ်
ရပ်လို့မရတော့ဘူး။
ရထားလမ်းတည့်တည့်မှာ လမ်းလုပ်သား ၅ ယောက် လမ်းပြင်နေတယ်။
မင်းမောင်းလာတဲ့ ရထားနဲ့ တိုက်မိရင် သူတို့အကုန်လုံး သေမှာပဲ။ သူတို့ရှောင်စရာ
နေရာလည်းမရှိဘူး။............
အဲဒိအချိန်ရထားရှေ့မှာ လမ်းခွဲလေး တစ်ခု တွေ့လိုက်တယ်။
အဲဒိလမ်းခွဲထဲမှာ အလုပ်သမားတစ်ယောက် အလုပ်လုပ်နေတယ်။ မင်းဟာ ရထားကို
အဲဒိလမ်းခွဲဘက် ကွေ့ချင်ရင်ကွေ့လိုရသေးတယ်တဲ့ .....
ကွေ့လိုက်ရင် ဒီ တစ်ယောက်တော့ ရထားတိုက်ပြီးသေမှာ၊ ဒါပေမဲ့ ဟို ၅ ယောက်ကတော့ အသက်ချမ်းသာရာ ရလိမ့်မယ်တဲ့။
ပါမောက္ခက ဟုတ်ပါပြီ .....
မင်းတို့ ဘယ်လိုဆုံးဖြတ်မလဲ
လမ်းဖြောင့်ဖြောင့်ပဲသွားပြီး လူ ၅ ယောက်ကို တိုက်သတ်မလား
လမ်းခွဲလေးထဲ ကွေ့ပြီး လူတစ်ယောက်ထဲကိုပဲ တိုက်မလား တဲ့ .......
ကျောင်းသားတွေက ညီညီ ညာညာပဲဖြေတယ်။
တစ်ယောက်ထဲကိုပဲ တိုက်သတ်မှာတဲ့။
ဆရာက ဘာ့ကြောင့် တစ်ယောက်ထဲကို တိုက်သတ်မှာလဲ?
မင်းတို့ရဲ့ရွေးခြယ်မှုကတရားမျှတမှုကော ရှိရဲ့လားဆိုတော့
ကျောင်းသားတွေက
ဆရာကလည်းတဲ့ ....
လူ ၅ ယောက်အသက်ကို ကယ်ဖို့ တစ်ယောက်အသက်နဲ့ စတေးရမှာပေါ့တဲ့ ဒါဟာ
မှန်ကန်တဲ့ ရွေးခြယ်မှုမျိုးလေတဲ့ ......
အဲ့ဒိမှာ ပေါမောက္ခက မင်းတို့ပြောတာမင်းတို့မှတ်ထားနော်တဲ့.....
နောက်မေးခွန်းတစ်ခု မေးမယ်ဆိုပြီး ထပ်မေးတယ်။
ဒီမေးခွန်းမှာ မင်းတို့ဟာ ဓာတ်ရထားမောင်းတဲ့လူ မဟုတ်တော့ဘူးတဲ့
ခွဲစိတ်ဆရာဝန်ဖြစ်သွားပြီတဲ့
မင်းဆီမှာ အသည်းအသန်ဖြစ်နေတဲ့ လူနာ ၅ ယောက်ရှိတယ်တဲ့ တစ်ယောက်ကအသည်းလိုတယ်၊ နောက်တစ်ယောကက် ကျောက်ကပ်၊ နောက်တစ်ယောက်က နှလုံး၊ နောက်တစ်ယောက်က ပန်ကရိယ၊ စသည်ဖြင့်ပေါ့ကွာ အဲ့ဒါတွေ ကိုလည်းအစားထိုးဖို့ ရှာမရဘူး၊ အစားမထိုးနိုင်ရင် သူတို့သေတော့မှာ .....
အဲ့ဒိအချိန် မင်းတို့ဆီကို ပုံမှန်ကျန်းမာရေးစစ်ဆေးဖို့ လူကောင်းတစ်ယောက် ရောက်လာတယ်တဲ့ .....
မင်းတို့အဲဒိ လူကောင်းကို မေ့ဆေးပေးပြီး သူ့ဆီက အသည်း၊ ကျောက်ကပ်၊ နှလုံး၊ ပန်ကရိယတွေထုတ် ....
ဟိုလူ ၅ ယောက်ကို အစားထိုးကုပေးမလားတဲ့ ?
ကျောင်းသားတွေက .....
ဟာ ... ဆရာကလည်းတဲ့ ....
ဒီလိုတော့ ဘယ်လိုလုပ်ဖို့ သင့်လျှော်ပါ့မလဲတဲ့ .....
ပါမောက္ခက .....
မင်းတို့ခဏက ပြောတုန်းကတော့ လူ ငါးယောက်အသက် ကယ်ဖို့အတွက် လူ တစ်ယောက်ကို စတေးရတာ တရားတယ်ဆို ...
အခုတော့ ဘယ်လို ဖြစ်သွားတာလဲ ... ဆိုတော့ ...
ကျောင်းသားတွေ မဖြေတတ်တော့ပါဘူး။
--------------------------
လောကကြီးဟာ ဒီလိုပါပဲ ....
အချို့သောကိစ္စရပ်တွေမှာ အများရဲ့ အကျိုးကိုရှေးရှုပြီး လုပ်ဆောင်လို့ရနိုင်ပေမဲ့.....
အချို့သော ကိစ္စရပ်များကျတော့ ..... အများအကျိုးရှိမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လူတစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးကို ထိပါးလို့မရနိုင်ပါဘူး ....
ဒီမိုကရေစီစနစ်နဲ့ တည်ဆောင်ထားတဲ့ နိုင်ငံတိုင်းမှာလည်း
လူများစုရဲ့ ဆန္ဒကို အကောင်အထည်ဖေါ်တဲ့အပိုင်းနဲ့ ....... လူနည်းစုရဲ့ (သို့မဟုတ်)
လူတစ်ဦးချင်းစီရင် ရပိုင်ခွင့်နဲ့ အခွင့်အရေးတွေကို ကာကွယ်တဲ့အပိုင်းတွေဟာ ဟန်ချက်ညီညီ ရှိနေဖို့လိုပါတယ်။
အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေး မဏ္ဌိုင်တွေဟာ ခုဏက ဥာဏ်စမ်းထဲမှာပါတဲ့
ဓာတ်ရထားမောင်းသမားလို ဆောင်ရွက်ကြရပြီး
တရားစီရင်ရေးမဏ္ဌိုင်ဖြစ်တဲ့ တရားရုံးတွေနဲ့ တရားသူကြီးတွေကတော့
ခွဲစိတ်ဆရာဝန်လို ပဲကျင့်ရပါတယ်။
ဥာဏ်စမ်းထဲမှာပါတဲ့ ဓာတ်ရထားမောင်းသမားနဲ့ ဆရာဝန်ရဲ့ ဥပမာကတော့ တော်တော်လေး ရှင်းလင်းတဲ့ ဥပမာပါ။
သို့သော်လည်း လက်တွေ့ဘဝမှာတော့
တစ်ချို့ကိစ္စရပ်တွေဟာ အဲဒိလောက် ရှင်းလင်းပြတ်သားမှုမရှိကြပြန်ဘူး။ ....
ဥပမာထဲမှာပါတဲ့ ......
ခွဲစိတ်ဆရာဝန်လိုကျင့်နေရတဲ့ တရားသူကြီးတွေကို လူနာတစ်ယောက်ကို သတ်ပြီး လူနာ ၅ ယောက်ကယ်ခိုင်းစေချင်ကြတယ်။
ဒါပေမဲ့ .................
ဒါပေမဲ့ ပါပဲ။
credit: ဆရာဇေယျာအေးချို

Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
---------------------------------------------------------------------------
" မိန်းမက အလိုမတူ ငြင်းဆန်ခြင်း "
=============================
ယေဘုယျအားဖြင့် မိန်းမတစ်ဦးအား ၄င်းက အလို
မတူဘဲနှင့် ကာမစပ်ယှက်ခြင်း ထမြောက်ရန် မလွယ်ကူ ချေ ။ သာမန်အင်အားရှိသည့် မိန်းမတစ်ဦးက အလိုမတူ
၍ စိတ်ရောကိုယ်ပါ ငြင်းဆန်ပါမူ ကာမစပ်ယှက်ခြင်း ထ
မြောက်ရန် မဖြစ်နိုင်ချေ ။ သို့ရာတွင် ၄င်း၏ အလိုအတူ
ငြင်းဆန်သော စိတ်ဓာတ်နှင့် ငြင်းဆန်နိုင်သော တော်
လှန်မှုကို နာကျင်စေမှုဖြင့်သော်လည်းကောင်း ၊
ကြောက်ရွံ့အောင် ခြိမ်းခြောက်ခြင်းဖြင့်သော်လည်း
ကောင်း ၊ မေ့မြောအောင်ပြုခြင်းဖြင့်သော်လည်းကောင်း၊
မိန်းမအား ကာမစပ်ယှက်ပြုကျင့်နိုင်ပေမည် ။
မိန်းမသည် မုဒိမ်းကျင့်ခံရခြင်းမှ ကာကွယ်ရန် မိမိ
ကိုယ်ကိုယ်တွင် တာဝန်ရှိလေသည် ။ ငြင်းဆန်ရာ၌
လည်း မိမိတွင်စွမ်းအားရှိသရွေ့ အစွမ်းကုန်ခုခံပြီး
နောက်ဆုံး လက်လျှော့ရမည့်အခြေအနေ ဆိုက်ရောက်
သည့်တိုင်အောင် ငြင်းဆန်တော်လှန်ရပေမည် ။ ငြင်း
ဆန်ခြင်းပြုရာ၌ စိတ်မပါ့တပါ ပေါ့လျော့စွာ ကာကွယ်
လျှင်သော်လည်းကောင်း ၊ တော်လှန်ရင်သော်လည်း
ကောင်း ၊ ပြုလျှင် ၄င်းမိန်းမက (ဥပဒေသဘောတရား
အားဖြင့် ) "အလိုမတူငြင်းဆန်ခြင်း "ကင်းမဲ့သည်ဟု ယူ
ဆပေလိမ့်မည် ။
ပြစ်မှုပုဒ်မ ၁၀၀ အရ မိန်းမတစ်ဦးသည် ၄င်းအား
မုဒိမ်းကျင့်ခံရမည့် အန္တရာယ်သို့ ဆိုက်ရောက်လျှင် မုဒိမ်း
ပြုကျင့်သူအား သေစေရန်သော်လည်းကောင်း ၊ အခြား
ဘေးအန္တရာယ် တစ်ခုခုဖြစ်စေရန်သော်လည်းကောင်း ၊
ပြုလုပ်နိုင်ခွင့်ရှိပေသည် ။ သို့ဖြစ်ရာ မိန်းမတစ်ဦးသည်
မုဒိမ်းကျင့်ခံရမည့် အန္တရာယ်အတွင်းသို့ ဆိုက်ရောက် လျှင် အထက်တွင်ဖော်ပြထားသည့် ရာဇသတ် ၁၀၀ ၏
ပြုပိုင်ခွင့်ကို အသုံးပြုရန်သာဖြစ်သည် ။
အလိုမတူငြင်းဆန်သော်လည်း မတတ်သာ၍
မုဒိမ်းကျင့်ခံရလျှင်လည်း အခွင့်သာသည်နှင့်တပြိုင်နက်
ကျင့်ခံရသူသည် သက်ဆိုင်ရာအာဏာပိုင်များ သို့တည်း
မဟုတ် နီးစပ်သူတစ်ဦးတစ်ယောက်အား တိုင်တန်းရန်
ဖြစ်သည် ။ ဤကဲ့သို့တိုင်တန်းမှု ပြုလုပ်ခြင်းသည် ကား
" အလိုမတူငြင်းဆန်ခြင်း " ပြုသည့် အထောက်အထား
သက်သေတစ်ရပ်ပင် ဖြစ်သည် ။
ထို့အပြင် မုဒိမ်းကျင့်ခံရစဉ် တတ်နိုင်သရွေ့ ကျ
ရောက်နေသော မုဒိမ်းအန္တရာယ်မှ ကင်းလွတ်စေရန်
အော်ဟစ်ခြင်း နှင့် အခြား အကူအညီတောင်းရာရောက်
သည့် အပြုအမူများကို ပြုလုပ်ခြင်းသည်လည်း " အလို
မတူငြင်းဆန်ခြင်း "သဘောရှိကြောင်း သက်ရောက်ပေ
သည် ။ ။

Wednesday, August 3, 2016
တရားခံပြေးမှုများ (Absconder )
==========================
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၁၂ (၁) နှင့် (၂) တို့တွင် ပြဋ္ဌာန်းထားပါသည် ။
တရားခံပြေးမှုများကို သရုပ်ခွဲရလျှင်
(က) တရားခံအားလုံးဝဖမ်းဆီးရမိခြင်းမရှိသည့်မှုခင်း
(ခ) အချို့တရားခံဖမ်းမိပြီး အချို့တရားခံထွက်ပြေးနေ
သောမှုခင်းများစစ်ဆေးခြင်း
(ဂ) ရုံးတွင်စစ်ဆေးနေစဉ် တရားခံထွက်ပြေးတိမ်း
ရှောင်ခြင်း နှင့်
(ဃ) တရားခံပြေးသေဆုံးခြင်းတို့ ဖြစ်ပါသည် ။

=====================================
(၁) တရားခံဖမ်းဆီးရမိရန် ဝရမ်းထုတ်ရမည် ။
(၂) ဝရမ်းအတည်မဖြစ်ပါက အတည်မဖြစ်ကြောင်းကို
ဝရမ်းအတည်ပြုသူရဲအရာရှိက ရုံး၌လာရောက်
အစစ်ခံရမည် ။
(၃) တရားခံဖမ်းဆီးရမိခြင်းမရှိကြောင်း သို့မဟုတ် ထွက်
ပြေးတိမ်းရှောင်ကြောင်း ထွက်ဆိုမည့်သက်သေခံ
ချက်ကို ရေးမှတ်ယူရမည် ။
(၄) တရားခံထွက်ပြေးတိမ်းရှောင်နေ၍ အလွယ်တကူ
ဖမ်းဆီးရမိရန် မျှော်လင့်ချက်မရှိကြောင်း ရုံးကယုံ
ကြည်သည့်အခါတွင် ထိုအကြောင်းကိုဖော်ပြ၍
တရားခံ၏ မျက်ကွယ်တွင် သက်သေများကို စစ်
ဆေးသွားမည်ဖြစ်ကြောင်း အမိန့်ချမှတ်ရမည် ။
(၅) ယင်းနောက် အချင်းဖြစ်အကြောင်းအရာကို ထွက်
ဆိုမည့် မှင်မဲပြသက်သေများအား ဆက်လက်စစ်
ဆေးရန်ဖြစ်ပါသည် ။
(၆) သက်သေထွက်ချက်များအရ တရားခံအပေါ် အရေး
အရေးယူရန် အခြေအမြစ်ရှိ မရှိကို သုံးသပ်ရမည် ။
အခြေအမြစ်မရှိပါက သို့မဟုတ် သေးငယ်သောပြစ်မှု
ဖြစ်ပါက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၈၇-၈၈ အရ
အရေးယူရန်မလိုပါ ။(ရုံးလက်စွဲ ၅၁၃ )
(၇) တရားခံပြစ်မှုကျူးလွန်ကြောင်း အခြေအမြစ်ရှိပါက
ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၆၇(၁)အရ ရက် ၃၀
ထက် မနည်း အချိန်ပေး၍ တရားခံလာရောက်ရန်
ကြော်ငြာစာထုတ်ရမည် ။ ရာဇဝတ်ကျင့်ထုံး ၈၇(၂)
အရ ယင်းကြော်ငြာစာကိုတရားခံနေအိမ်၌ ကပ်ထား
ရမည် ။
(၈) တရားခံပြေးအားရုံးလာရောက်ရန်ကြေငြာပြီးနောက်
မည်သည့်အချိန်၌မဆို တရားခံပြေးပိုင်ဆိုင်သော
ရွှေ့ပြောင်းနိုင်သည့်ပစ္စည်းများကို ရောင်းရန်အမိန့်
ထုတ်နိုင်သည် ။(ရာဇဝတ်ကျင့်ထုံး ၈၇(၁)(၂))။ဝရမ်း
ကပ်သည့်နေ့မှ ၆ လအတွင်း တစ်စုံတစ်ဦးက ဝရမ်း
ကပ်ထားသည့်အပေါ် ဆိုင်ရေးဆိုင်ခွင့်ရှိသည်ဟု
တင်ပြတောင်းဆိုလာလျှင် ရုံးကစုံစမ်းစစ်ဆေး၍
သင့်လျော်သောအမိန့် ချမှတ်နိုင်သည် ။ဝရမ်းကပ်
သည့်နေ့မှ ၂ နှစ်အတွင်း တရားခံက အဖမ်းခံလျင်
ဖြစ်စေ ၊ ဖမ်းမိလျှင်ဖြစ်စေ ၊ ရုံးကထွက်ပြေးတိမ်း
ရှောင်သည်ဟု မယူဆပါကဝရမ်းကပ်ထားသော
ပစ္စည်းကိုတရားခံအားပြန်ပေးနိုင်သည် ။ကျင့်ထုံး
၈၇-၈၈ အရ ဆောင်ရွက်ပြီးမှသာ တရားခံပြေး
(ဝရမ်းပြေး)ဖြစ်သည် ။
(၉) တရားခံအား အထက်ပါနည်းလမ်းအတိုင်း ရုံးသို့လာ
ရောက်ရန် အတင်းအကြပ် ပြုလုပ်ချိန်တွင် တရားလို
ပြ သက်သေများအား စစ်မြဲစစ်ဆေးသွားရမည် ။
(၁၀)တရားခံမျက်ကွယ်တွင် လိုပြသက်သေများ၏
ကတိသစ္စာပြုအစစ်ခံချက်များသည် နောင်တွင် ၄င်း
ပြစ်မှုနှင့်စွပ်စွဲခံရသူမည်သူ့အပေါ်မဆို ကတိသစ္စာ
ပြုအစစ်ခံခဲ့သူ သေ/အဝေးရောက်/ရှာမတွေ့/
အချိန်နှင့် စရိတ်အလွန်ကုန်ကျမည့် အခြေအနေမျိုး
ကြောင့် မလာမရောက်နိုင်သောအခါတွင်သက်သေ
ခံအဖြစ်အသုံးပြုနိုင်သည် ။ (ကျင့်ထုံး ၅၁၂(၁)၊ရုံး
လက်စွဲအပိုဒ် ၅၀၃၊ ကာစီနှင့်အစိုးရ ၁၉၆၂ မြန်မာ
နိုင်ငံတရားစီရင်ထုံး စာ-၄၁၇)
(ခ) အချို့တရားခံကိုဖမ်းမိပြီးအချို့တရားခံထွက်ပြေးနေ
သောမှုခင်းများ
=====================================
အထက်အပိုဒ်(က)တွင် ဖော်ပြထားသည့်အတိုင်းပင်
ထွက်ပြေးတိမ်းရှောင်နေသော တရားခံအပေါ် ရာသေး
အမှုဖွင့်လှစ်ဆောင်ရွက်ရပြီး ဖမ်းဆီးရမိသောတရားခံ
အပေါ်ပုံမှန်အတိုင်းစစ်ဆေးဆောင်ရွက်ရမည် ။
(ဂ) ရုံး၌စစ်ဆေးနေစဉ်တရားခံထွက်ပြေးတိမ်းရှောင်ခြင်း
=====================================
စစ်ဆေးဆဲတရားခံအား အာမခံပေးထားစဉ်ဖြစ်စေ၊
အချုပ်မှထွက်ပြေးလွတ်မြောက်လျှင်ဖြစ်စေ ထိုကိစ္စမျိုး
ကြုံတတ်ပါသည် ။အာမခံပေးထားသောတရားခံထွက်
ပြေးလျှင်အာမခံဝန်ပေးသူများ ၊အပေါ် ရာဇဝတ်ကျင့်ထုံး
ဥပဒေပုဒ်မ ၅၁၄ အရ ရာသေးအမှုဖွင့်၍ ခံဝန်ပေးသူများ
အပေါ် အရေးယူရပါသည် ။
အမှုစစ်ဆေးနေဆဲ တရားခံထွက်ပြေးတိမ်းရှောင်
သောအခါ၌ အမှုကြီးအားကျင့်ထုံးပုဒ်မ ၅၁၂အရ အမှု
သေးအဖြစ်ထွက်ပြေးသောတရားခံအတွက်ဖွင့်လှစ်ရပါ
သည် ။
တရားခံများကို ပူးတွဲစွဲဆိုရာ၌ တရားခံတစ်ဦးထွက်
ပြေးလျှင် ထိုတရားခံအတွက်ရာသေးအမှုဖွင့်လှစ်
ဆောင်ရွက်ပြီး၊ကျန်တရားခံများအတွက်မူ မူလပြစ်မှု
ကြီးအတိုင်းပင် ဆက်လက်စစ်သွားရမည် ။
(ဃ) တရားခံပြေးသေဆုံးခြင်း
=====================
တရားခံပြေးသေဆုံးကြောင်း သတင်းရသည့်အခါ
ထိုတရားခံသေဆုံးကြောင်း သိရှိသူနှင့်ရပ်ကွက်အုပ်ချုပ်
ရေးမှုးတို့အားခေါ်ယူစစ်ဆေးပြီး မှန်ကန်ကြောင်း တွေ့ရှိ
ပါက ထိုအမှုကိုပိတ်ရန်ဖြစ်ပါသည် ။

Sunday, July 31, 2016
အမိန့် ၂၁ နည်း ၃၅(၁)
===================
တရားမကျင့်ထုံး အမိန့် ၂၁ ၊ နည်း ၃၅ (၁) ပါ ပြဋ္ဌာန်း ချက်အရ ဆိုလျှင် မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းကို ပေးအပ်ရန် ဒီကရီရရှိထားသူကို ယင်းပစ္စည်းအား လက် ရောက်ပေးအပ်ရမည်ဖြစ်သည် ။
တရားနိုင်တို့ရရှိထားသည့်ဒီကရီအရ တရားရှုံးတို့က အချင်းဖြစ်မြေကို တရားနိုင်များ၏ လက်ဝယ်သို့ ပေးအပ် ရမည်ဖြစ်ရာ တရားရှုံးတို့သည် အချင်းဖြစ်မြေပေါ်တွင် နေထိုင်ခွင့် မရှိပေ ။ အချင်းဖြစ်မြေပေါ်ရှိ အဆောက် အအုံတွင် နေထိုင်ခြင်းသည် တရားနိုင်ဒီကရီရှိထား သည့် မြေပေါ်တွင် နေထိုင်ခြင်းပင်ဖြစ်သည် ။
ဇာရီရုံးတွင် တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ ၊ နည်း ၃၅(၁) အရ ဒီကရီကိုအတည်ပြုရာတွင် အချင်းဖြစ်မြေ ကို တရားနိုင်အား လက်ရောက်ပေးအပ်ရမည်ဖြစ်သည် ။ ထိုသို့ လက်ရောက်ပေးအပ်ရာတွင် ဒီကရီအရ လိုက် နာရန်တာဝန်ရှိပြီး ပစ္စည်းမှ ပြောင်းရွှေ့ပေးရန် ငြင်းဆန် သူအား ဖယ်ရှားနိုင်မည် ဖြစ်သည် ။
အချင်းဖြစ်မြေမှ ထွက်ခွာသွားရန် ငြင်းဆန်သူ တရား ရှုံးအား ဖယ်ရှားခြင်းသည် တရားမကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၃၅ (၁) ပါ ပြဋ္ဌာန်းချက်နှင့်အညီ ဆောင်ရွက် ခြင်းဖြစ်၍ ဒီကရီကို ကျော်လွန်ဆောင်ရွက်ရာ မရောက် ချေ ။
တရားရှုံးတို့အား အချင်းဖြစ်မြေပေါ်ရှိ အဆောက် အအုံမှ ဖယ်ရှားခြင်းသည် အချင်းဖြစ်မြေအပြင် တရားရှုံး ပိုင် အဆောက်အအုံကိုပါ တရားနိုင်တို့အား ပေးအပ် သည်ဟု မဆိုနိုင်ပေ ။
အချင်းဖြစ်မြေပေါ်ရှိ အဆောက်အအုံမှာ တရားရှုံးပိုင် အဆောက်အအုံ ဖြစ်ရာ တရားရှုံးက ၄င်းပိုင် အဆောက် အအုံကို ၄င်း၏ဆန္ဒအလျောက် ဖျက်ယူသွားခွင့် ရှိပေ သည် ။ တရားရှုံးက ဖျက်ယူလိုသည့်ဆန္ဒမရှိ၍ တရားနိုင် တရားရှုံးတို့ ညှိနှိုင်းကြမည်ဆိုပါက နှစ်ဦးနှစ်ဖက် ညှိနှိုင်း သဘောတူသည့်အတိုင်း ဆောင်ရွက်နိုင်ကြသည် ။
အကယ်၍ တရားရှုံးက ဖျက်သိမ်းခြင်းမပြု ၊ နှစ်ဦးနှစ် ဖက်ညှိနှိုင်း၍လည်း သဘောတူညီချက် မရရှိပါက တရားနိုင်အနေဖြင့် တရားရှုံးအပေါ် တရားနိုင်၏ မြေပေါ် တွင် တည်ဆောက်ထားသည့် အဆောက်အအုံကို ဖျက် ယူစေရန်အတွက် တရားတစ်ထုံး စွဲဆိုရန်လိုပေသည် ။ အဆောက်အအုံကို ဖျက်သိမ်းရန် ဒီကရီရှိသည့်အခါမှ တရားရုံးကဒီကရီကိုအတည်ပြုရာတွင် မြေပေါ်ရှိ အဆောက်အအုံကို ဖျက်သိမ်းဖယ်ရှားနိုင်မည်ဖြစ်သည် ဟု " ဒေါ်သောင်းညွန့်နှင့် ဦးသိန်းတင်ပါ(၂) ၊ ၂၀၀၁ ခု နှစ် မတစ ၄၃၀ " တွင် ပြဆိုထားပါသည် ။
အပ်ဝရမ်းကို အတည်မပြုနိုင်သည့်အခါ တရားနိုင် သည် တရားမကျင့်ထုံး အမိန့် ၂၁ ၊ နည်း ၃၅ သို့မဟုတ် နည်း ၃၆ အရ ဒီကရီကို အတည်ပြုပေးရန် ထပ်မံ လျှောက်ထားနိုင်သည် ။ တရားနိုင်က အပ်ဝရမ်း ထပ်မံ ထုတ်ပေးရန်လျှောက်ထားတိုင်း တရားရုံးက အပ်ဝရမ်း ထပ်မံထုတ်ပေးနိုင်သည် ။ တရားမကျင့်ထုံးဥပဒေ အမိန့် ၂၁ ၊ နည်း ၃၅ တွင် အပ်ဝရမ်းကို တစ်ကြိမ်သာ ထုတ် ပေးရမည်ဟု ကန့်သတ်မထားပေ ။
လက်ရောက်ပေးအပ်ရန်လျှောက်ထားရာတွင် ခုခံ တားဆီး ဟန့်တားခြင်းခံရသူ တရားနိုင်သည် တရားမ ကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၃၅ သို့မဟုတ် နည်း ၃၆ အရ "အပ်ဝရမ်း ထပ်မံထုတ်ပေးရန်လျှောက်ထားခြင်း မပြုဘဲ " တရားမကျင့်ထုံးဥပဒေအမိန့် ၂၁ ၊ နည်း ၉၇ အရလည်း လျှောက်ထားနိုင်သည် ။ တရားရုံးသည် သင့် သည်ထင်မြင်သည့်အတိုင်း စုံစမ်းမှုပြု၍ နည်း ၉၈ နှင့် နည်း ၉၉ အရ အမိန့်ချမှတ်နိုင်သည် ။
သို့ရာတွင် ဤနည်းဥပဒေအရ စုံစမ်းမှုမပြုမီ တရားနိုင် က တရားရုံးသို့ လျှောက်ထားရန်လိုသည် ။ တရားရုံး သည် မိမိသဘောအရဖြစ်စေ ၊ ဘီလစ်၏ အစီရင်ခံစာ အရဖြစ်စေ ၊ တရားရှုံး၏လျှောက်ထားချက်အရဖြစ်စေ ၊ ကြားလူတို့၏ လျှောက်ထားချက်အရဖြစ်စေ ၊ စုံစမ်းမှုပြု ရန်အမိန့်မချမှတ်နိုင်ပေ ဟု " ဦးတင်မောင် ပါ(၃)နှင့် ဦး မြမောင်ပါ(၃) (ကွယ်လွန်သူဒေါ်သြ၏ကိုယ်စားလှယ်များ ) ၁၉၉၅ မတစ ၆၁ တွင် ပြဆိုထားသည် ။ ။

Thursday, July 28, 2016
၁ ။ ၁၉၇၂ ခုနှစ်၊ ပြည်ထောင်စုမြန်မာနိုင်ငံပြည်သူ့
ကျန်းမာရေးဆိုင်ရာဥပဒေ
====================================
ပုဒ်မ ၉(၄) ။ ။ ဤပုဒ်မအရ ထောင်ဒဏ်(၃)နှစ်နှင့်
(၃)နှစ်အထက် စီရင်ထိုက်သည့် ပြစ်မှုတစ်စုံတစ်ရာကို ဤကိစ္စအလို့ငှာ အစိုးရက လုပ်ပိုင်ခွင့်လွှဲအပ်ထားသူ သို့မဟုတ် အဖွဲ့အစည်း၏ အခွင့်အမိန့် မရရှိဘဲ မည်သည့်တရားရုံးတွင်မျှ တရားစွဲဆိုခြင်း မပြုရ ။
၂ ။ ၁၉၇၇ခုနှစ်၊ ပိုင်နက်ပင်လယ်နှင့် ပင်လယ်ဇုံများ ဥပဒေ
=====================================
ပုဒ်မ ၂၃ ။ ။ ဝန်ကြီးအဖွဲ့၏ ကြိုတင်ခွင့်ပြုမိန့်မရဘဲ
ဤဥပဒေအရ တရားစွဲဆိုခြင်း မပြုရ ။
၃ ။ ၁၉၈၃ခုနှစ်၊ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲ
ပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေ
=====================================
ပုဒ်မ ၁၇ ။ ။ ဤဥပဒေအရ ကျူးလွန်သော ပြစ်မှု
များနှင့်စပ်လျဉ်း၍ တရားစွဲဆိုရာ၌ သက်ဆိုင်ရာဝန်ကြီးဋ္ဌာန၏ ကြိုတင်ခွင့်ပြုမိန့်ကို ရယူရ မည် ။
၎ ။ ၁၉၈၉ခုနှစ်၊ နိုင်ငံခြားငါးဖမ်းရေယာဉ်များ ငါးလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ
=====================================ပုဒ်မ ၅၅(က) ။ ။ ပုဒ်မ ၄၃ အရ ပြည်သူ့ဝန်ထမ်း
တစ်ဦးဦးကို အရေးယူရန်လိုအပ် လျှင် ဝန်ကြီးဋ္ဌာန၏ ကြိုတင်ခွင့်ပြုမိန့်ဖြင့်သာ တရားစွဲ
ဆိုခြင်း ပြုရမည် ။
၅ ။ ၁၉၉၀ပြည့်နှစ် မြန်မာ့ပင်လယ်ငါးလုပ်ငန်းဥပဒေ
====================================
ပုဒ်မ ၅၉(က) ။ ။ ပုဒ်မ ၄၉အရ ပြည်သူ့ဝန်ထမ်း
တစ်ဦးဦးကို အရေးယူရန်လိုအပ် လျှင် ဝန်ကြီးဋ္ဌာန၏ ကြိုတင်ခွင့်ပြုမိန့်ဖြင့်သာ တရားစွဲဆို ခြင်း ပြုရမည် ။
၆ ။ ၁၉၉၀ပြည့်နှစ်၊ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဥပဒေ
=====================================
ပုဒ်မ ၉၃ ။ ။ ပုဒ်မ ၈၇ သို့မဟုတ် ပုဒ်မ ၈၈ အရ
တရားစွဲဆိုရာတွင် ဗဟိုဘဏ်၏ ကြိုတင် ခွင့်ပြုချက် ရယူရမည် ။
၇ ။ ၁၉၉၂ ခုနှစ် အမျိုးသားဆေးဝါးဥပဒေ
=============================
ပုဒ်မ ၂၆ ။ ။ ဤဥပဒေအရ တရားစွဲဆိုရာတွင်
ကျန်းမာရေးဝန်ကြီးဋ္ဌာန သို့မဟုတ် ဤ
ကိစ္စအလို့ငှာ လုပ်ပိုင်ခွင့် လွှဲအပ်ခြင်း ခံရသည့် အဖွဲ့အ စည်း သို့မဟုတ် ပုဂ္ဂိုလ်၏ ကြိုတင်ခွင့်ပြုချက် ယူရမည် ။
၈ ။ ၂၀၀၀ပြည့်နှစ်၊ တိုင်းရင်းဆေးကောင်စီဥပဒေ
===================================
ပုဒ်မ ၂၈ ။ ။ ဤဥပဒေအရ ပြစ်မှုကျူးလွန်သူကို
တရားစွဲဆိုရာတွင် တိုင်းရင်း
ဆေးပညာဦးစီးဋ္ဌာန၏ ကြိုတင်ခွင့်ပြုချက် ရယူရမည် ။
၉ ။ ၂၀၀၂ခုနှစ်၊ တရားမဝင်သောနည်းလမ်းဖြင့်ရရှိသည့်
ငွေကြေးနှင့် ပစ္စည်းများထိန်းချုပ်ရေးဥပဒေ
=====================================
ပုဒ်မ ၄၀ ။ ။ ဤဥပဒေအရ ပြစ်မှုဖြင့် တရားစွဲရာတွင်
ပြည်ထဲရေးဝန်ကြီးဋ္ဌာန၏ ကြိုတင်ခွင့်ပြု ချက်ရယူရမည် ။
၁၀ ။ ၂၀၀၃ခုနှစ်၊ သွေးနှင့်သွေးပစ္စည်းဆိုင်ရာဥပဒေ
=====================================
ပုဒ်မ ၂၆ ။ ။ ဤဥပဒေအရတရားစွဲဆိုရာတွင်
ကျန်းမာရေးဝန်ကြီးဋ္ဌာန၏ ကြိုတင် ခွင့်ပြုမိန့်ကို ရယူရမည် ။
၁၁ ။ ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများအက် ဥပဒေ
====================================
ပုဒ်မ ၇ ။ ။ ဤအက်ဥပဒေပါ ပြဋ္ဌာန်းချက်ကို
ဖောက်ဖျက်၍ ကျူးလွန်သူအား နိုင်ငံတော် သမ္မတ၏ သဘောတူခွင့်ပြုမိန့်မရရှိဘဲ မည်သည့်တရား ရုံးကမျှ စစ်ဆေးစီရင်ခြင်းမပြုရ ဟု ပြဋ္ဌာန်းထားပါသည်။
(ခွင့်ပြုမိန့် Sanction နှင့် စပ်ဆိုင်သမျှ )

Subscribe to:
Posts (Atom)