Wednesday, November 23, 2016

Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
ကိုယ်ပေါ်ရှိ ပြင်ပဒဏ်ရာများ ။          ။ ကိုယ်ပေါ်တွင်
တွေ့ရှိနိုင်သော ဒဏ်ရာများကို တိကျစွာမှတ်သားရမည်
ဒဏ်ရာတစ်ခုသည် မည်မျှပင်သေးဖွဲ့စေကာမူ ၊လျစ်လျူ
မရှုဘဲ တိကျစွာ မှတ်သားရမည် ။ ဒဏ်ရာများကို မှတ်
သားရာ၌  _

(၁) ဒဏ်ရာ၏ အမျိုးအစား
(၂) ဒဏ်ရာ၏ အတိုင်းအထွာ
(၃) ဒဏ်ရာ၏ တည်နေရာ
(၄) ဒဏ်ရာ၏ ပုံပန်းသဏ္ဍန်
(၅) ဒဏ်ရာ၏ သွားရာလမ်းကြောင်း
(၆) ဒဏ်ရာ၏ အလျားလိုက် အနေအထား
(၇) ဒဏ်ရာတွင် တွယ်ကပ်နေသော အစအန ၊ အမှုန့် ၊
      အဝတ်စ ၊ စသည်တို့ ရှိ - မရှိ
(၈) ဒဏ်ရာရပြီး အချိန်ကာလအလိုက် ဖြစ်ပေါ်လာသော
      အပြောင်းအလဲများ ၊ ဒဏ်ရာ၏ လတ်ဆတ်ပုံ ၊ သို့
      တည်းမဟုတ် ဒဏ်ရာဟောင်းဖြစ်ပြီး အသားနုတက်
      ခြင်း ၊ ပြည်တည်ခြင်း စသည့်အခြေအနေ ရှိနေပုံ ၊
(၉) သေပြီးမှရသောဒဏ်ရာ သို့မဟုတ် အသက်ရှိစဉ်က
      ရသောဒဏ်ရာများ အခြေအနေ (ဒဏ်ရာနှင့် ပတ်
သက်သော ဖော်ပြချက်များ၏ အသေးစိတ် အကြောင်း
များကို စာသားဖြင့် မည်မျှဖြင့် ထုတ်ဖော်ရေးသားထား
သည် ဖြစ်စေကာမူ ပုံတူဆွဲ (Sketch)ခြင်း ၊ ဓာတ်ပုံရိုက်
မှတ်တမ်းတင်ခြင်းများထက်မူကား ပို၍ တိကျနိုင်မည်
မဟုတ်ချေ ။ ဆေးဌာနပုံစံ (ဆေး ၂၁/ အပိုင်း ၁) တွင်
လည်း လူ၏ ပုံကြမ်းပုံများ ပါရှိလေသည် ။ထိုပုံစံများတွင်
ဒဏ်ရာ အနေအထား ၊ အရွယ်ပမာဏ စသည်တို့ကို အ
ချိုးကျအတိုင်း ဖြည့်စွက်ရမည် ။ ဒဏ်ရာများကို တစ်ခုစီ
နံပါတ်တပ်ပြီး ဖော်ပြသွားရမည် ။ ဤသို့ နံပါတ်တပ်ခြင်း
သည် ဒဏ်ရာရစဉ်အခါက ထိုနံပါတ်များ အစဉ်လိုက်အ
တိုင်း ဒဏ်ရာတစ်ခုပြီးတစ်ခု ရရှိခဲ့သည်ဟု မယူဆအပ်
ချေ ။ သို့သော် စစ်ဆေးသူအနေဖြင့် ဒဏ်ရာများသည်
အစဉ်အတိုင်း တစ်ခုပြီးတစ်ခု ရရှိခဲ့လိမ့်မည်ဟု ယူဆ
လျက် နံပါတ်ကိုလည်း အစဉ်လိုက် ပူးတွဲသတ်မှတ်သွား
သည့် စနစ်ကို သုံးလိုလျှင် သုံးနိုင်ပေသးသည် ။
             ဒဏ်ရာများကိုစစ်ဆေးကြည့်ရှုရာ၌ စိတ်မှန်းဖြင့်
မရယူဘဲ ဒဏ်ရာ၏ အတိုင်းအထွာများကို တိကျစွာမှတ်
သားရမည် ။ ပြင်ပဒဏ်ရာများကို ကြည့်ရှုစစ်ဆေးစဉ်
ကိုယ်တွင်းသို့ ဖေါက်ထွင်းနေသည့် အခြေအနေများကို
(Probe)စသည်တို့ဖြင့် ထိုးသွင်းကြည့်ရှုခြင်းကို ရှောင်
ကြဉ်ရမည် ။

ခန္ဓာကိုယ်တွင်း ခွဲစိတ်ကြည့်ရှုပုံ ။       ။ အလောင်းတစ်
လောင်းကို ရင်ခွဲကြည့်ရှုလျှင် ဆရာဝန် ၂ ဦးအတူလုပ်
ကိုင်ရန်လိုသည် ။ တစ်ဦးကဓါးနှင့် ခွဲစိတ်မှုပြုလုပ်ပြီး
ကျန်တစ်ဦးက တွေ့ရှိသော အချက်အလက်များကို ရေး
မှတ်ရန်လိုပေသည် ။
                        ကိုယ်ခန္ဓာအတွင်း ခွဲစိတ်ကြည့်ရှုရာတွင်
အရေးကြီးသော အချက်တစ်ခုမှာ မည်သည့်အကြောင်း
ကြောင့် သေသည်ဖြစ်စေ ၊ ကိုယ်အင်္ဂါအစိတ်အပိုင်းအား
လုံးကို အမြဲတမ်းခွဲစိတ်ကြည့်ရှုသည့် အလေ့အထ ရှိရ
မည် ။ ဥပမညဆိုရလျှင် ယာဉ်တိုက်မှုကြောင့်သေသဖြင့်
ပထမ ဝမ်းဗိုက်အတွင်းသို့ခွဲကြည့်ရာ ဘေလုံးနှင့်
အသည်းတို့ကွဲ၍ ၄င်းဒဏ်ရာများမှ သွေးလွန်ပြီး သွေး
ဆုတ်သေကြောင်း အချက်အလက်များကို တွေ့ရှိသော်
ငြားလည်း အခြားရင်ဘတ်အတွင်းမှ ကိုယ်အင်္ဂါအစိတ်
အပိုင်းများ ၊ ဦးခေါင်းခွံအတွင်းရှိ ဦးဏှောက်နှင့် ဦးခွံ
အခြေတို့ကိုပါ စစ်ဆေးကြည့်ရှုခြင်း မပြုဘဲ ချန်လှပ်
မထားသင့်ပေ ။             ။


Tuesday, November 22, 2016

Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
သက်ပျောက်ရုပ်ပြောင်းမှု ။        ။ သေသူတစ်ဦး၏ သေ
ဆုံးချိန်ကို ဆုံးဖြတ်အတည်ပြုနိုင်ရန် သက်ပျောက်ရုပ်
ပြောင်းမှုများကို လေ့လာပြီးမှတ်တမ်းတင်ရမည် ။ မှတ်
တမ်းတင်ရန်အချက်များမှာ -
(၁) ကိုယ်ခန္ဓာ၏အပူချိန် ( ဓာတ်ခွဲခန်းသုံး ပြဒါးတိုင်ကို
      အလောင်း၏ စအိုတွင်းသို့ ၂ မိနစ်ကြာမျှသွင်းပြီးပြင်
      ပသို့ ပြန်မထုတ်ခင် ပြဒါးအမှတ်အသားများကိုကြည့်
      ရှုရန် လိုသည် ။ သို့တည်းမဟုတ် ဝမ်းဗိုက်ကို အ
      နည်းငယ် ဖောက်ပြီး ပြဒါးတိုင်ကို အထဲသို့ ထည့်
      သွင်းလျက် ယခင်နည်းအတိုင်း တိုင်းတာရမည် ။အ
      ဖျားတိုင်း ပြဒါးတိုင်ကို မည်သည့်အခါမျှမသုံးရ ။ )
(၂) ကိုယ်ခန္ဓာရှိ ကြွက်သားတို့၏ သက်ပျောက်တောင့်
      တင်းမှု ( Rigor mortis ) အခြေအနေကို လေ့လာ
      မှတ်တမ်းတင်ရမည် ။ ထိုသို့မှတ်တမ်းတင်ရာတွင် -
-     ဦးခေါင်း
-     လည်ပင်း
-     ကြွက်သားများ
-     လက်
-     ရင်အုံ
-     ဝမ်းဗိုက်
-     ခြေထောက်တို့၏ တောင့်တငးခြင်း အခြေအနေတို့
      ကို မှတ်ယူရမည် ။

အလောင်း၏အခြေအနေ ။        ။ အလောင်း၏ အရပ်အ
မောင်း ၊ အလေးချိန် ၊ စိုပြည်ဝဖြိုးမှု ၊ သန်စွမ်းမှု ၊ မူလ
ကိုယ်အင်္ဂါချို့တဲ့မှုများကို ဖော်ပြမှတ်တမ်းတင်ရမည်။ဤ
အချက်အလက်များကို ရရှိထားခြင်းအားဖြင့် သေဆုံးသူ
သည် အခင်းဖြစ်ပွားစဉ်က မည်ကဲ့သို့ ခုခံကာကွယ်နိုင်
စွမ်းရှိမရှိ ၊ သူတစ်ပါးအား ရန်ပြုနိုင်-မပြုနိုင် စသည်တို့ကို
ခန့်မှန်းနိုင်ပေမည် ။ ထိုသို့ ခန့်မှန်းနိုင်ခြင်းဖြင့် အချင်းဖြစ်
ပွားစဉ် သေဆုံးသူသည် မည်ကဲ့သို့ ပါဝင်လှုပ်ရှားနိုင်ခဲ့ပုံ
ကို ချိန်ဆနိုင်ပေသည် ။

အလောင်းတွင် အထူးစစ်ဆေးရမည့်နေရာများ။    ။မျက်
နှာနှင့် ခေါင်း ၊ မျက်ခုံးမွှေး ၊ မျက်တောင်မွှေး ၊ ဆံပင်မွှေး
အမျိုးအစားများကို သတ်မှတ်ပြီး သီးခြားနမူနာယူထားရ
မည် ။ ( ထိုသို့နမူနာယူရာတွင် ကတ်ကြေးဖြင့် ကိုက်
ဖြတ်ယူခြင်း မဟုတ်ဘဲ နှုတ်ယူခြင်းဖြစ်ရမည် ။ ) မျက်နှာ
၏မဲ့ရွဲ့ပုံ ၊ ပြုံးပုံ ၊ ကြောက်လန့်ပုံ စသည်တို့ကို မှတ်သား
ရမည် ။ မျက်နှာပေါ်တွင် ပေကျံနေသောအရာများ ရှိမရှိ
ကိုလည်း ကြည့်ရှုရမည် ။ မျက်နှာအရေပြားပေါ်တွင်
သွေးခြည်ဥအစက်များ (Petechial haemorrhages)ရှိ
မရှိကိုလည်း ကြည့်ရှုစစ်ဆေးရမည် ။ မျက်နှာတစ်ပြင်
လုံးတွင် အရောင်အဆင်း ပြောင်းလဲခြင်း ရှိမရှိ ၊ အကယ်
၍ ရှိလျှင် မည်သို့သော အရောင်အဆင်း( cherry red,
chocolate brown, bluish, etc…,) ၌ ရှိနေကြောင်း
မှတ်သားရမည် ။

မျက်စိ     -     မျက်ဖြူသားပေါ်၌ သွေးခြည်ဥများ ရှိသည့်
အခြေအနေ ၊ မျက်ဖြူသားအဝါရောင်(Jaundice)ရှိမရှိ ၊
သူငယ်အိမ်အကျဉ်းအကျယ် ၊ မျက်လုံးပြူးကြောင်နေ
ခြင်း ရှိမရှိ ။

လက်ဖဝါး   -    ရေထဲတွင် အစိမ်ခံရသော အလောင်း
ဟုတ်မဟုတ် သိနိုင်ရန် လက်အရေခွံများ ပဲရေပွထနေ မ
နေကို မှတ်သားရမည် ။ သက်ပျောက်သည်တစ်ပြိုင်နက်
ဆုပ်ကိုင်မှု (Cadaveric Spasm) အားဖြင့် လက်ဖဝါး
တွင်း၌ ဆုပ်ကိုင်ထားသော အရာဝတ္ထုများ ရှိမရှိ ။

လက်သည်း   -      လက်သည်းများ ညိုပြာရောင် ဖြစ်နေ
မနေ ၊ လက်သည်းကြားများတွင် ကုတ်ခြစ်ခြင်းကြောင့်
ရသော လူ၏ အရေခွံစ စသည်များရှိမရှိ ၊ အရိုက်​ခံရ
သော လက်​နက်​တို့မှ အစအနများ လက်​သည်းတွင်​ညှပ်
ကပ်​​နေမ​နေ စသည်​တို့ကိုမှတ်​သားရမည်​ ။ ထို့ပြင်​လက်
ချောင်းတိုင်းမှ လက်​သည်းများကို ဖြတ်​ယူ၍ တစ်​ခုစီ
သီးသန့်​ထုတ်​လျက်​ ဓာတ်​ခွဲခန်းသို့ ​ပေးပို့နိုင်​ရန်​ သိမ်း
ဆည်းရမည်​ ။

နှုတ်​ခမ်း ၊ နှာ​ခေါင်းနှင့်​ ပါးစပ်​​ပေါက်​ ။       ။ နှုတ်​ခမ်း ၊ နှာ
ခေါင်းနှင့်​ ပါးစပ်​​ပေါက်​များတွင်​ အမြှုပ်​များ ရှိမရှိ ၊ ရှိ​နေပါ
က အမြှုပ်​အရွယ်​အစား ၊ အ​ရောင်​အဆင်း ၊ အမြှုပ်​များ
သည်​ ​သွေးစွန်းသည့်​ အမြှုပ်​များ ဟုတ်​မဟုတ်​ တို့ကို
မှတ်​သားရမည်​ ။ နှုတ်​ခမ်းများတွင်​ ညိုပြာ​ရောင်​ ဖြစ်​​နေမ
နေကိုလည်း မှတ်​ယူရမည်​ ။

မိန်းမကိုယ်​​ပေါက်​   -   မိန်းမကိုယ်​​ပေါက်​အဝနှင့်​အတွင်း
ဘက်​များမှ အရိအရွဲနှင့်​ အခြားအရာများကို ထုတ်​ယူ
လျက်​ ​ယောက်ျားသုတ်​ပိုးများ ရှိမရှိ စစ်​​ဆေးမှတ်​သားရ
မည်​ ။ ဒဏ်​ရာဖြင့်​​သေ​သော လူသတ်​မှု ​ယောက်ျား အ
လောင်းများတွင်​လည်း အ​လောင်း၏စအိုဝတွင်​ ကာမ
စပ်​ယှက်​ထား​သော ဒဏ်​ရာဒဏ်​ချက်​ သို့မဟုတ်​ ပိုမိုအဝ
ကျယ်​​နေခြင်း အ​ခြေအ​နေများကို ကြည့်​ရှုရမည်​ ။        ။
Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
အလောင်း၏ ကိုယ်ပေါ်မှ အဝတ်အစား ။     ။အလောင်း
၏ ကိုယ်ပေါ်မှ အဝတ်အစားများကို ခွာယူရာတွင် ထိုအ
ဝတ်အစားများပေါ်၌ ကပ်ငြိပါရှိနိုင်သည့် ယမ်းစ ၊ မှန်စ ၊
အမွှေးအမှင် ၊ အစွန်းအထင်း အစအန စသည်များ လွင့်
စင် ပျောက်ဆုံးမသွားစေရန် အရေးကြီးလေသည် ။ အ
ကယ်၍ ထိုအဝတ်အစားများပေါ်မှ အစအန တစ်စုံတစ်
ရာ ကွာကျ ၊ ရရှိခဲ့လျှင် စနစ်တကျ စုဆောင်းရယူ သိမ်း
ဆည်းရမည် ။ ထို့နောက် အစအနများနှင့် သင့်တော်ရုံမျှ
ရှိသော မင်နှိပ်စက္ကူ - ၂ ချပ်ကြားတွင် ညှပ်လျက်ဘူးငယ်
ကလေးများဖြင့် ထည့်ကာ သက်ဆိုင်ရာ ဓါတ်ခွဲခန်းသို့
တင်ပြနိုင်ရန် ကောင်းစွာ သိမ်းဆည်းထားရမည် ။ ထိုမျှမ
က အဝတ်အစားများပေါ်သို့ ဖုန်မှုန့်စသည့် မသက်ဆိုင်
သော အစအနများ မကပ်ငြိစေရန် ကောင်းစွာ သိမ်း
ဆည်းထားရမည် ။
        သေနတ်ဒဏ်ရာဖြင့် သေဆုံးသူ၏ အင်္ကျီအဝတ်
အစားတို့၌ တွေ့ရှိရသော ကျည်ဆံဝင်ပေါက် ၊ ပတ်ဝန်း
ကျင်တွင် ယမ်းငွေ့ယမ်းစများ ရှိမရှိ စစ်ဆေးရမည် ။
တွေ့ရှိက ထိုယမ်းငွေ့ယမ်းစများကို ကောက်ယူသိမ်း
ဆည်းပြီး ၊ ရဲအရာရှိထံ စနစ်တကျအပ်နှံရမည် ။
အလောင်း၏ကိုယ်ပေါ်မှ အဝတ်အစားများကို နံဘေး
ချုပ်ရိုးအတိုင်း ကတ်ကြေးဖြင့်ကိုက်၍ ခွာယူရမည် ။ ထို
သို့ ကတ်ကြေးနှင့်ကိုက်ရာတွင် ကျည်ဆံပေါက် ၊ ဓား
မြှောင်ပေါက် ၊ ရှနစုတ်ပြဲသောနေရာများ စသည်တို့ကို
ရှောင်ကွင်း ကိုက်ဖြတ်သွားရပေမည် ။ အင်္ကျီအဝတ်အ
စားများတွင် ပါရှိသော ကျည်ဆံပေါက်များကို လက်ညှိုး
ဖြင့် ထိုးကြည့်ခြင်း ၊ တုတ်ဖြင့်ထိုးကြည့်ခြင်း စသည်တို့
ကို မပြုလုပ်ရပေ ။ ပြုလုပ်ခဲ့မိပါက ကျည်ဆံဝင်ပေါက်
ထွက်ပေါက် စသည်တို့ကို ခန့်မှန်းဆုံးဖြတ်ရန် ခဲယဉ်းပေ
မည် ။ တစ်ခါတစ်ရံတွင် သေနတ်ဒဏ်ရာဖြင့် သေသူတို့
၏ ကိုယ်၌ ကျည်ဆံသည် အင်္ကျီကိုဖောက်ထွက်မသွား
ဘဲ အင်္ကျီနှင့်အသားကြားတွင် ညပ်နေတတ်သည်ကို
သတိပြုရန်လိုပေသေးသည် ။
          လျှပ်စစ်ဓာတ်ဖြင့် သေဆုံးရသူများတွင် လျှပ်စစ်
ဓာတ်သည် ဖိနပ်ခွာဘက်မှ ဝင်ထွက်သော အခြေအနေ
များကို တွေ့ရတတ်သည် ။
          အဝတ်အစားပေါ်တွင် တွေ့ရှိသော သွေးစွန်း
သွေးကွက်များကို ပကတိအတိုင်း ထားရှိရန်လိုပေသည်
သွေးစွန်းသွေးကွက်များ ပုပ်သိုးသွားခြင်းကြောင့် ၊ ဓာတု
ဗေဒနည်းဖြင့် သွေးစစ်ဆေးရာတွင် ခက်ခဲမည်ဖြစ်ပေရာ
စိမ်းစိုနေသော သွေးကွက်များပါရှိသော အဝတ်အစား
များကို လျင်မြန်စွာ ခြောက်သွေ့အောင် ပြုလုပ်ပြီးမှသိမ်း
ဆည်းရမည် ။ ထို့နောက် ယင်းအဝတ်အစားများကိုစက္ကူ
ဖြင့် တစ်လွှာစီ စနစ်တကျညှပ်၍ သွေးစစ်ဌာနသို့ ပေးပို့ရ
မည် ။ အလောင်းပေါ်မှ သိမ်းဆည်းရရှိသော အဝတ်အ
ထည်များကို မည်သည့်အခါမျှ လုံးထွေးစုပုံလျက် ရင်ခွဲ
ခန်း ကြမ်းပြင်ပေါ်တွင် ပစ်မထားရပေ ။ ထို့ပြင် ယင်းအ
ဝတ်အထည်များကို စက္ကူအိတ်စသည်တို့အတွင်းသို့
လုံးထွေးပြွတ်သိပ်နေအောင် ကျပ်တည်းစွာထည့်သွင်း
ခြင်းမပြုရ ။ အဝတ်များတွင် သုက်သွေးရှိသောနေရာများ
ကို ခေါက်ချိုးကြေမွစေခြင်းမှ ရှောင်ကြဉ်ရမည် ။          ။

Saturday, November 19, 2016

Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
အလောင်းရာဇဝင် ။       ။ အလောင်းကိုမခွဲမီ အလောင်း ၏ ရာဇဝင်ကို ရယူရမည် ။ ပြင်ပတွင်သေဆုံးခဲ့သော
မလောင်းများနှင့်သက်ဆိုင်သော ရာဇဝင်ကိုမူကား
သက်ဆိုင်ရာ မိဘ ၊ ဆွေမျိုးသားချင်း စသည်တို့ထံမှ
လည်းကောင်း ၊ အမှုနှင့်ပတ်သက်သော ရဲအရာရှိများ
ထံမှ လည်းကောင်း ၊ မှုခင်းဖြစ်ပွားစဉ်၌ ရှိနေသော မျက်
မြင်သက်သေတို့ထံမှလည်းကောင်း ရယူနိုင်သည် ။ မေး
မြန်းရယူရန် အချက်အလက်တို့မှာ -
(၁) အလောင်းကို မည်သည့်နေရာ ၊
(၂) မည်သည့်အချိန်တွင်ရကြောင်း ၊
(၃) မည်သို့မည်ပုံ သေဆုံးရကြောင်း ၊
(၄) အလောင်းကို မည်သို့မည်ပုံ မည်သည့်အနေအထား
      ၌ တွေ့ရကြောင်း ၊    
(၅) ကိုယ်ခန္ဓာနှင့်တကွ အလောင်း ပတ်ဝန်းကျင်တွင်
      တွေ့ရှိရသော သွေးစွန်း သွေးကွက်များအကြောင်း ၊
(၆) ဒဏ်ရာရပြီးနောက် အချိန်မည်မျှကြာမှ သေဆုံးသွား
      ကြောင်း ၊
(၇) မသေဆုံးမီ မည်သည့်အချိန်နာရီတွင် မည်သည့်
    အစားအစာကို နောက်ဆုံးစားခဲ့ကြောင်းများနှင့်တကွ၊
    အခြားသော တူညီသည့် အချက်အလက်များပင်
    ဖြစ်လေသည် ။
   
            ဆေးရုံတွင် ကုသခံပြီးမှ သေဆုံးသွားရသော
အလောင်းများနှင့်သက်ဆိုင်သော ရာဇဝင်ကိုမူကား ၊ လူ
နာ ဆေးရုံတက်စဉ် မှတ်သားထားသော မှတ်တမ်းစာ
ရွက် ( Patient's chart ) မှ ရယူရမည် ။ ထိုမျှဖြင့် မစုံ
လင်သေးဟု ယူဆပါမူ သက်ဆိုင်ရာ တာဝန်ခံဆရာဝန်
ထံတွင် စုံစမ်းမေးမြန်းရန် လိုအပ်လေသည် ။ ရယူရမည့်
အလောင်း၏ အရေးကြီးသော ဖြစ်စဉ် အချက်အလက်
တို့မှာ -
- မည်သည့်နေ့ရက် ၊ အချိန်နာရီတွင် ဆေးရုံ၌ လက်ခံ
  ကြောင်း ၊
- ဆေးရုံသို့ရောက်စဉ် လူနာ၏ရောဂါဒဏ်ရာအခြေအနေ
  အကြောင်း ၊
- မည်ကဲ့သို့ ကုသခံရကြောင်း ၊
- မည်ကဲ့သို့ ခွဲစိတ်ကုသခြင်း ခံရကြောင်း ၊
- ခွဲစိတ်ကုသရာတွင် မည်သို့သော ဒဏ်ရာများတွေ့ရှိရ
  ကြောင်း ၊
- ရောဂါအခြေအနေလျော့ပေါ့မှု ၊ တိုးမှုအကြောင်း ၊
- သေတမ်းစစ်ချက် ရ-မရ အကြောင်း ၊
- မည်သည့်နေ့ရက် အချိန်နာရီတွင် သေဆုံးကြောင်း ၊
- တာဝန်ခံဆရာဝန်သည် မည်သူဖြစ်ကြောင်း ၊
- ဆေးရုံတက်စဉ် လူနာဝတ်စားသုံးစွဲလာသော အဝတ်
  အစားနှင့်တကွ အခြားပစ္စည်းပစ္စယကြီးငယ်တို့ကို
  မည်ကဲ့သို့ သိမ်းဆည်း၍ မည်သူ့လက်တွင်အပ်နှံ
  ကြောင်းနှင့်တကွ အခြားထူးခြားသည့် အချက်အလက်
  များပင် ဖြစ်လေသည် ။
        အလောင်းရာဇဝင် ရယူခြင်းအားဖြင့် ရင်မခွဲမီ ရရှိ
ထားသော အချက်အလက်များသည် အလောင်းကို ရင်
ခွဲစစ်ဆေးပြီးသောအခါ တွေ့ရှိရသော အချက်အလက်
များနှင့် အံဝင်ဂွင်ကျ ဖြစ်သည်မဖြစ်သည်ကို ထင်ရှားစေ
နိုင်လေသည် ။        ။

Friday, November 18, 2016

Credit : မှုခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်
=====================================
အလောင်းအတည်ပြုခြင်း၏ကွင်းဆက် ။     ။အလောင်း
ကို ဆေးရုံ၌ လက်ခံရရှိချိန်တွင် အလောင်းသည် မည်
သည့်လက်မှရရှိကြောင်း ၊ မည်သူဖြစ်ကြောင်း မှတ်ယူ၍
အလောင်း၏ လက်ကောက်ဝတ်တွင် ထိုရေးမှတ်ချက်
များနှင့်တကွ ၊ အလောင်းနံပါတ်ပြားကိုပါ ကြိုးကွင်းတစ်
ခုဖြင့် ပူးတွဲချည်နှောင် ပိတ်ပစ်ရမည် ။ ထိုနံပါတ်ပြားများ
ရေးမှတ်ရာတွင် အင်္ဂလိပ် -၆- နှင့် -၉- ဂဏန်းများကို လုံး
ဝ မသုံးရချေ ။
         အလောင်းကို ရင်မခွဲမီ၌လည်း အထက်ပါ သတ်
မှတ်ချက်များကို ပြန်လည်စိစစ်ပြီး လက်ခံရရှိသော
အလောင်းသည် မည်သူမည်ဝါဖြစ်ကြောင်း မည်သူ့
လက်မှ မည်သည့်အချိန်တွင် ရရှိကြောင်း ထပ်မံ
အတည်ပြုရန် လိုပေသည် ။ ထိုမျှမက အလောင်းနှင့်
တစ်ပါတည်း ပါရှိသော အခြားသက်သေခံပစ္စည်း ပစ္စယ
များကိုလည်း မည်သူ့လက်မှ ရရှိကြောင်းနှင့် နောက်ဆုံး
မည်သူ့ထံသို့ လွှဲအပ်ကြောင်း တိကျစွာ မှတ်တမ်းတင်ရ
မည် ။ တရားဥပဒေကျင့်ထုံးအရ ,
- မည်သည့်သက်သေခံပစ္စည်း မဆို
- မည်သူ၏ လက်မှ ရရှိ၍
- မည်သူ့ထံ ထပ်မံလွှဲအပ်ကြောင်း စသည်ဖြင့် အဆင့်
ဆင့် ကွင်းဆက် မပြတ်စေဘဲ တိကျစွာ အတည်ပြုရပေ
သည် ။ အကယ်၍ သက်သေခံပစ္စည်း အပေးအယူ
ကွင်းဆက် ပြတ်လပ်ခဲ့သည်ရှိသော် ယင်းသက်သေခံ
ပစ္စည်းမှာ တရားဝင်တော့မည် မဟုတ်ချေ ။

××××××××××××××××××××××××××××××××××××××××

ရင်ခွဲချိန် ။          ။ မည်သည့်နေ့ရက် ၊ မည်သည့်အချိန်
နာရီတွင် စတင်၍ ရင်ခွဲကြောင်း ရှေးဦးစွာ မှတ်တမ်းတင်
ရသည် ။ ဤကဲ့သို့မှတ်တမ်းတင်ခြင်းအားဖြင့်အလောင်း
ကို သေပြီးနောက် မည်မျှအကြာတွင် ရင်ခွဲကြောင်း သိရှိ
နိုင်ပေမည် ။ ထိုသို့ သိရှိနိုင်ခြင်းအားဖြင့် အလောင်းပေါ်
၌ ပေါ်ပေါက်လာသော သက်ပျောက် ရုပ်ပြောင်းမှုများ
( Post-mortem changes ) တို့ကို ထောက်ထားလျက်
သေဆုံးချိန်သည် မည်မျှကြာမြင့်ပြီဖြစ်ကြောင်း ချိန်ဆနိုင်
လေသည် ။ အလောင်းကို ရေခဲတိုက်အတွင်းတွင် ထား
မည်ဆိုလျှင် အလောင်းပေါ်၌ ပေါ်ပေါက်လာမည်ဖြစ်
သော သက်ပျောက်ရုပ်ပြောင်းမှုများ Post-mortem ch-
anges ဖြစ်ပေါ်ချိန် ပြောင်းလဲသွားပေမည် ။ ရေခဲဓါတ်
ကြောင့် အထက်ပါအတိုင်း ပျက်ပြားချက်များ ပေါ်ပေါက်
လာခဲ့ပြီးမှ သေဆုံးချိန်ကို ခန့်မှန်းမည်ဆိုလျှင် မှားယွင်း
သွားပေမည် ။           ။

Thursday, November 17, 2016

Credit : မှုခင်းဆရာဝန်ကြီးဒေါက်တာမောင်မောင်တိတ်
=====================================
ရင်ခွဲအမှတ်စဉ် ။         ။ ရင်ခွဲသည့်အခါတိုင်းအတွက်
ရင်ခွဲအမှတ်စဉ်များ ရေးထိုးလျက် မှတ်တမ်းတင်သွားရန်
လိုသည် ။ တစ်နှစ်ကုန်ဆုံးသော်နောက်တစ်နှစ်အတွက် နံပါတ် ၁ မှ စတင်၍ တစ်ဖန် နှစ်ကုန်ဆုံးသည့်တိုင် အစီ
အစဉ်အတိုင်း နံပါတ်များတင်သွားရန် ဖြစ်သည် ။

************************************************

မည်သူမည်ဝါ၏ အလောင်း ။          ။ ရင်ခွဲခြင်းကိစ္စတွင်
အရေးကြီးဆုံးမှာ - မည်သူမည်ဝါ၏ အလောင်းဖြစ်
ကြောင်းကို ရှေးဦးစွာအတည်ပြုရန်ဖြစ်သည် ။ အများ
အားဖြင့် အလောင်းသည် မည်သူမည်ဝါ ဖြစ်ကြောင်းကို
သေသူ၏ မိဘဆွေမျိုးသားချင်းများနှင့် မိတ်ဆွေများက
အတည်ပြုလေ့ရှိသည် ။ ထိုအတည်ပြုချက်ကိုပင်
အတည်ပြုသူများ၏ အမည် ၊ လိပ်စာအပြည့်အစုံကို တိ
ကျစွာရယူ၍ မှတ်တမ်းတင်ထားရမည် ။ မှတ်တမ်းတင်
ရာ၌ -
(၁) သေသူ၏ အမည်
(၂) လူမျိုး
(၃) ဘာသာ
(၄) ကျား / မ  
(၅) အသက် တို့ကို ရယူရမည် ။
            ပိုင်ရှင်မဲ့သော အလောင်းများအတွက် နောက်
နောင်တွင်လည်း မည်သူမည်ဝါ ဖြစ်ကြောင်း ခိုင်လုံစွာ
တင်ပြနိုင်ရန် အလောင်း၏ အင်္ဂါရပ်များကို တိကျပြည့်စုံ
စွာ မှတ်သားထားရမည် ။ ဤသို့မှတ်သားရာ၌ သေသူ၏
(၁) လူမျိုး
(၂) ဘာသာ
(၃) ကျား / မ
(၄) အသက်
(၅) အရပ်အမောင်း
(၆) လက်ပုံစံ
(၇) သွားများ၏ ပုံပန်းသဏ္ဌာန်
(၈) ဆံပင်အမျိုးအစား
(၉) အသားအရောင်
(၁၀) မှဲ့ - မွေးရာပါ အမှတ်နှင့်အင်္ဂါချို့တဲ့မှု - အမာရွတ်
(၁၁) ထိုးကွင်း
(၁၂) ကိုယ်၌ပါသော အမှတ်အသား
(၁၃) လက်ဝတ်ပစ္စည်းနှင့်တကွ အခြားပစ္စည်းကြီးငယ်
များ စသည်တို့ကို ပြည့်စုံစွာ ဆေးမှတ်တမ်းတင်ရန် ဖြစ်
သည် ။ အထက်ပါကဲ့သို့သော ပိုင်ရှင်မဲ့ အလောင်းကို ရဲ
အရာရှိတို့က ထပ်လောင်း၍ ဤအလောင်းသည်
မည်သည့်အရပ်မှ မည်သည့်နေ့ ၊ ရက် ၊ အချိန်နာရီတွင်
ရရှိကြောင်း ၊ မည်သည့်အမှုကိစ္စများနှင့် စပ်လျဉ်း
ကြောင်း အတည်ပြုရသည် ။             ။


Tuesday, November 15, 2016

Credit : မှုခင်းဆရာဝန်ကြီးဒေါက်တာမောင်မောင်တိတ်
××××××××××××××××××××××××××××××××××××××××
ရင်ခွဲမှုဆိုင်ရာမှတ်တမ်း ။              ။ ရင်ခွဲမှုများအတွက်
သတ်မှတ်ထားသော မှတ်တမ်းပုံစံများ ရှိပေသည် ။
ယင်းပုံစံများကို အတတ်နိုင်ဆုံး အသုံးပြုဖို့လိုလေသည်။
ထိုပုံစံများ၌ ခွဲစိတ်မှုဆိုင်ရာ အချက်အလက်များကို စနစ်
တကျ မှတ်တမ်းတင်နိုင်ရန် အချို့ကဏ္ဍများ စီစဉ်ပါရှိ
လေသည် ။ ဆေးရုံများ၌ ထိုပုံစံများ မပြတ်မလပ် ထားရှိ
ရန် အထူးလိုအပ်လှ၏ ။ အစဉ်အလာအားဖြင့် ဆရာဝန်
ကြီးဖြစ်သူက ဆေးစစ်ချက်များကို ရယူပြီးလက်ထောက်
ဆရာဝန်က ပုံစံထဲသို့ ချက်ချင်းဖြည့်စွက်ရသည် ။ ဆရာ
ဝန်တစ်ဦးတည်းသာ ရှိပါမူကား စစ်ဆေးမှုရောမှတ်တမ်း
နှစ်ရပ်လုံးကို တစ်ဦးတည်း ဆောင်ရွက်ရမည် ဖြစ်လေ
သည် ။ မှတ်တမ်းတင်ရာတွင် ရှင်းလင်းပီသစွာ ရေးသား
ရန် အထူးလိုအပ်သည့်အပြင် အမှားများကို ပြင်ဆင်ရာ
၌လည်း မိမိ၏ လက်မှတ် ရေးထိုးသွားရန် လိုအပ်ပေ
သည် ။ မှတ်တမ်းတင်ရာ၌လည်း ဆေးစစ်ချက်ပြီးသည်
နှင့် တစ်ပြိုင်နက် ချက်ချင်း မှတ်တမ်းတင်ရန်လိုအပ်
သည် ။ ထိုသို့မဟုတ်က မှားယွင်းမှုများ ၊ မေ့လျော့မှုများ
ပေါ်ပေါက်မည် ဖြစ်ပေ၏ ။ ဆေးစစ်ချက် အစီရင်ခံစာများ
ရယူပြီးသည်နှင့် တစ်ပြိုင်နက် သက်ဆိုင်ရာဌာနသို့
အမြန်ဆုံးပေးပို့ရန် လိုအပ်ပေသည် ။ မှတ်တမ်းများကို
ကျန်းမာရေးညွှန်ကြားရေးဝန်ရုံးမှ ထုတ်ဝေသောဆေးဌာ
န ပုံစံ ( ဆေး ၂၁ / အပိုင်း ၂ ) များကို အသုံးပြုရန်ဖြစ်ပေ
သည် ။ ထိုဆေးအစီရင်ခံစာများကို မိုး ၊ ရေ ၊ နေ ၊ ခြ -
စသည်တို့မှ ကင်းလွတ်သည့်နေရာတွင် စနစ်တကျသိမ်း
ဆည်းရန် လိုအပ်ပေသည် ။ ပျက်စီးမသွားရန်  အထူး
ထိန်းသိမ်းရမည် ။ အချို့အမှုများကား နှစ်ပေါင်းမြောက်
မြားစွာကြာမှ ပေါ်ပေါက်လာတတ်လေရာ ၊ ဆေးစစ်ချက်
များကို လိုအပ်သော အချိန်တွင် အသင့်ရရှိရန် အရေး
ကြီးသည် ။ ဆေးစစ်ချက်များ ပျောက်ဆုံးသွားပါက ၊
သက်ဆိုင်ရာဆရာဝန်တွင် အထူးတာဝန်ရှိနေပေသည် ။

************************************************

ရင်ခွဲစစ်ဆေးကိရိယာများ ။          ။ ရင်ခွဲခန်း၏ ရေထွက်
ပေါက်များတွင် အရေးကြီးသော ကျည်ဆံကဲ့သို့ သေးနုပ်
သည့်အစအနများ မျောပါမသွားစေရန် သံဇကာဖြင့် သေ
သပ်စွာကာထားရမည် ။ ရင်ခွဲစဉ် စနစ်တကျဖြစ်စေရန်
သက်ဆိုင်ရာပစ္စည်းကိရိယာများအထူးလိုအပ်လေသည်
ပစ္စည်းကိရိယာများနှင့်တကွ ဝမ်းတွင်းမှ အူ ၊ အသည်း ၊
အဆုတ်များ ထားရှိနိုင်လောက်အောင် ကျယ်ဝန်းသော
အမြင့် ၃ ပေခန့်ရှိ စားပွဲတစ်လုံး ထားရှိရမည် ။ စနစ်ကျ
သောရင်ခွဲမှု ပြုလုပ်နိုင်ရန် လိုအပ်သော ပစ္စည်းများမှာ -

(၁) ပေါင်ချိန်စက်တစ်ခု
(၂) ခွဲစိတ်ဓားကြီးငယ်များ
(၃) ကတ်ကြေးမျိုးစုံများ
(၄) ဦးခေါင်းရိုးဖြတ်လွှများ
(၅) အဖျားချွန်ဆောက်
(၆) တူကြီးငယ်
(၇) ဇာဂနာကြီးငယ်
(၈) အရိုးဖြတ်ညှပ်များ
(၉) ဒဏ်ရာလမ်းကြောင်းရှာ သံမဏိချောင်း{probes}တို့
ဖြစ်လေသည် ။ဤပစ္စည်းများကို ရင်ခွဲကိရိယာတစ်စုံ
အဖြစ်ဝယ်ယူရရှိနိုင်လေသည် ။ ဒဏ်ရာဒဏ်ချက်များကို
သေချာစွာမြင်သာနိုင်အောင် ဓါတ်ပုံများဖြင့် မှတ်တမ်း
တင်နိုင်ရန် ကင်မရာ စသည့် ဓါတ်ပုံရိုက်ပစ္စည်းထားရှိပါ
က ပို၍ အကျိုးရှိပေမည် ။         ။